ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.1K 217 0
                                    

Chapter 33

{ ဗဟုသုတ - ၂}

ချန်းဟွမ်၏ မူလဘ၀မွ ကောလိပ်အတန်းဖော်တစ်ဦးက သူမကို သုံးရက် သုံးည ဆက်တိုက် ပိုက်ဆံရေတွက်နေနိုင်သည် ,ဟုပြောခဲ့ဖူးသည်... သူမသည် ထိုစဉ်က သူမအတန်းဖော်၏စကားကို လုံးဝသဘောတူလိုက်မိပေ၏... သူမ ရှေ့တွင်ရှိနေသောငွေစက္ကူများသည် သေးငယ်သော ပုံသဏ္႑ာန်တစ်ခုရှိပြီး အားလုံးဟာလည်း တန်ဖိုးချင်း မတူညီကြချေ... သူမသည် ၎တို့အားလုံးကို တစ်ရွက်ပြီးတစ်ရွက် ရေရင်း စီနေရသည်ကို မပင်ပန်းရုံတင်မက သူမကို နှိုးနှိုးကြားကြားရှိစေသည်...

ချန်းဟွမ်တစ်ယောက် ပိုက္ဆံအားလုံးကို ရေတွက်လို့ပြီးဆုံးသွားချိန်တွင် သန်းခေါင်ယံကျော်နေခဲ့လေပြီ... ထို့နောက် သူမသည် ကုန္က်စရိတ္ကို ပြန်နုတ်လိုက်သောအခါ ပထမဆုံးရောင်းချရသည့်နေ့တွင် သူမသည် ယွမ် ၁၆၀၀ ရရှိခဲ့လေတယ်... ယနေ့သည် ပထမဆုံးနေ့ဖြစ်တာကြောင့် အသားများများစားစားမပါသည်ကြောင့် ယခုလောက်ပဲရခဲ့ခြင်းပင်... ထို့ကြောင့် သူမသည် နောက်ပိုင်းတွင် မ်ားမ်ားစားစား ပြင်ဆင်ထားရမည်ဟု ဆုံးဖြတ်လိုက်သည်...

ချန်းဟွမ် ယနေ့ရလာခဲ့သောဝင်ငွေကို အတော်လေးကျေနပ်မိသည်... ယနေ့ရောင်းရသည့်ပိုက်ဆံများကို အံ့ဆွဲထဲတွင် သေသေချာချာသော့ခတ်သိမ်းဆည်းထားလိုက်ပြီး ရေချိုးလိုက်၏...အားလုံးပြီးသွားချိန်၌ သူမ အိပ်ယာပေါ်လှဲချလိုက်ပြီး ကလေး၏ပါးဖောင်းဖောင်းလေးကို နမ်းလိုက်ပြီးနောက် မီးပိတ်လိုက်တော့သည်...

အစားအသောက်လုပ်ငန်းသည် ကိုယ့်ဘက်မှ အလုပ်ကြိုးစားလျှင် ကြိုးစားသလောက် အမြတ်အစွန်းများလှပေသည်..

ချန်းဟွမ်တစ်ယောက် အိပ်ရာဝင်ချိန်မှာ မနက်၁နာရီနီးပါးလောက်ပင်... သို့သော် သူမသည် နောက်တစ်နေ့မနက်တွင် ၆နာရီမထိုးခင်လောက်တည်းက အိပ်ယာထကာ မီးဖိုချောင်မှာတွင် ယနေ့ညနေရောင်းရန်အတွက် ပါဝင်ပစ္စည်းတစ်ချို့ကို ပြင်ဆင်ရချေသည်..

ထိုချိန်အထိ ကေလးလေးတစ်ယောက် အိပ်ပျော်နေသေးသည်ကြောင့် သူမသည် လိုအပ်နေသေးသောပါဝင်ပစ္စည်းများကို သွားဝယ်ရန် တိတ်တဆိတ်ထွက်လာခဲ့လိုက်သည်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Tempat cerita menjadi hidup. Temukan sekarang