ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.4K 229 0
                                    

Chapter 19
{ ပြောင်းရွှေ့ခြင်း - ၂}

ချန်းဟွမ်တစ်ယောက် မနက်စားပြီး ပန်းကန်ဆေးနေချိန်တွင် ပေါက်စီလုံးလေးဟာ အိပ်မောကျနေခဲ့ပေပြီ... သူမ မနက္စာ မစားခင်က ရေစွတ်ထားသောမျက်နှာသုတ်ပုဝါကို ရေခဲသေတ္တာထဲ ထည့်ထားခဲ့တာကြောင့် ယခုတွင်တော့ သူမ လိုချင်သည့် အအေးချိန်မျိုးရှိနေလေပြီ...

ချန်းဟွမ် ထိုမျက်နှာသုတ်ပုဝါကို ရေခဲသေတ္တာထဲမှ ထုတ်လိုက်ပြီး ခေါက်လိုက်ကာ ရှောင်ရှောင်လေးရဲ့မျက်လုံးပေါ်၌ တင်ပေးလိုက်ချေ၏...

အိပ်မောကျနေသောပေါက်စီလုံးလေးဟာ အေးလွန်းတဲ့မျက်နှာသုတ်ပုဝါကို ခံစားမိလိုက်ချိန်တွင် သူ့မျက်လုံးပေါ်မှ ဖယ်ရန် လက်လှမ်းလိုက်လေသည်...

ချန်းဟွမ်က ကလေးလေးရဲ့လက်ကို လှမ်းတားလိုက်သည်... မျက်နှာသုတ်ပုဝါ နွေးသွားချိန်တွင်မှ မျက်နှာသုတ်ပုဝါကို ပြန်ယူလိုက်ကာ ရေပြန်စွတ်ပြီးနောက် ရေခဲသေတ္တာထဲ ပြန်ထည့်လိုက်၏...

သူမက ထိုနည်းကို ၃ကြိမ်လောက် လုပ်ပြီးချိန်တွင်တော့ ရှင်းရှင်းလေး အနည်းငယ်သက်သာလာပုံပေါ်လာသည်...

ထို့နောက် မနက်ဖြန်အိမ်ပြောင်းရန်အတွက် သူမ တတ်နိုင်သမျှ ထုပ်ပိုးတော့သည်... ဒီနေ့ တွင်တော့ လုပ်စရာအများကြီး မကျန်ချေ...သူမတို့နဲ့အတူ ယူဆောင်သွားရမယ့် ပစ္စည်းအနည်းငယ်လောက်သာ ထုပ်ပိုးရန် လိုအပ်ပေသည်... လိုအပ်သော မီးဖိုချောင်သုံးပစ္စည်းတချို့နှင့် သူမတို့ရဲ့အဝတ်အစားများသာ ထုပ်ပိုးရန်ကျန်ရှိလေသည်...

ထိုနေ့ နေဝင်သွားချိန်တွင်တော့ အပြင်တွင် ချန်းဟွမ် လှန်းထားခဲ့သောစောင်နှင့် ကောက်ရိုးဖျာက ခြောက်နေခဲ့လေပြီ... ထို့ကြောင့် သူမ ထိုနှစ်ခုကို အိမ်ထဲပြန်ယူလာခဲ့ပြီးနောက် ကောက်ရိုးဖျာကို လိမ္ကာ အခန်းထောင့်တွင် ထောင်ထားလိုက်လေသည်... စောင်ကိုတော့ ခေါက်ပြီး အိတ်ထဲ ထည့်ထားလိုက်တော့၏...

ချန်းဟွမ်တစ်ယောက် အလုပ်များနေချိန်၌ ကေလး နိုးလာခဲ့သည်...

ကလေးလေးသည် သူနိုးလာစဉ် အေမျဖစ္သူကို မတွေ့တာကြောင့် အလွန်စိတ်ပူသွားခဲ့ပြီး အေမကိုရွာဖို့ ဖိနပ်မပါဘဲ ခုန်ဆင်းလာတော့တယ်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now