ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.2K 219 0
                                    

Chapter 46

{ မိသားစု - ၁ }

ကလေးလေး၏စကားကြောင့် ချန်းဟွမ်ရဲ့ဒေါသမီးတို့ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်...

တကယ်တမ်းတွင် ယခုက သူမအတွက် ပထမဆုံးအကြိမ် ရုတ်တရက် မိခင်တစ်ယောက်ဖြစ်လာခဲ့ခြင်းဖြစ်ပြီး ဘယ်သူတစ်ဦးတစ်ယောက်ကမှ နည်းလမ်းကောင်းများ မသင်ကြားခဲ့ဖူးသောကြောင့် တစ်ခါတစ်ရံတွင် မိခင်တစ်ယောက်၏တာဝန်တချို့ကို ပျက်ကွက်မိနေဆဲပင်...

ပေါက်စီလေး တစ်ယောက်တည်း အိမ်တွင် ကျန်နေခဲ့သည်ကို သူမ တခဏမျှ မေ့သွားမိ၏... ကလေးလေးက နေ့တိုင်းနီးပါး တစ်ယောက်တည်းနေရသည်ကို ကြောက်သော်လည်း မိခင်ဖြစ်သူအာ ဂျီကျခြင်းမျိုး မရှိခဲ့ပါလေ... ချန်းဟွမ်သည် အလုပ်များလွန်တာကြောင့် ညသန်းခေါင်ကျော်တဲ့အထိ အိမ်ပြန်မလာနိုင်သောနေ့မျိုးပင် ရှိသေးသည်...

" တောင်းပန်ပါတယ် သား... ဒါ မေမေ့အပြစ်တွေပါ... "

ချန်းဟွမ် သားဖြစ်သူကို ယုယစြာ ပွေ့ဖက်လိုက်ပြီးနောက် တောင်းပန်စကားဆိုလိုက်သည်...

အခုချိန်ကစပြီး သား တစ်ယောက်တည်းနေရတာ ကြောက်တဲ့အခါ မေမေကို ဖုန်းခေါ်လိုက်နော်... ဒါပေမယ့် အခုလို စာအုပ္ကို မျက်နှာနား အရမ်းကပ်ပြီး မဖတ်တော့ဘူးလို့ ကတိပေးရမယ် ဟုတ်ပြီလား..."။

ပေါက်စီလုံးလေးက ခေါင်းတညိမ့်ညိမ့်လုပ်ပြလိုက်သည်..

ထို့နောက်တွင် ချန်းဟွမ်က ကလေးလေးရဲ့ပုခုံးနှစ်ဖက်ကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်ပြီးနောက် ကုတင်ပေါ်ပြန်လှဲခိုင်းလိုက်ကာ " မေမေက သားကို ပုံပြင်စာအုပ်ဖတ်ပြမယ်... ပြီးရင်တော့ သား အိပ်ရမယ်နော်... "

ထိုအခါ ပေါက်စီလုံးလေးဟာ မိခင်ဖြစ်သူကို တောက်ပနေသောမျက်ဝန်းများဖြင့် မော့ကြည့်ရင်း မေမေ အပြင်မသွားရတော့ဘူးလား "

ချန်းဟွမ်က ပုံပြင်စာအုပ်လေးကို လှန်နေရင်း " ဒီနေ့တော့ မသြားရေတာ့ဘူး.." ဟု ပြန်ဖြေလိုက်လေ၏... ထို့နောက်တွင် သူမဟာ ကလေးလေးအား မျက်လုံးမှိတ်ထားခိုင်းလိုက်ကာ ပုံပြင်ကို စဖတ်လိုက်သည်..." ဟန်မင်းဆက် ပျက်သုဉ်းခါနီးမှာ... "

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now