ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.3K 241 0
                                    

Chapter 49
{ Bossရဲ့သား - ၁ }

လူတွေက ကိုယ့်ရုပ်ရည်နဲ့ပတ်သက်ပြီး အမြင်မကျယ်ကြပါလေ... ကိုယ့်ကိုယ်ကို တစ်စုံတစ်ယောက်နှင့်တူလိုက်တာ ဆင်လိုက်တာဟု ပြောခံရချိန်တွင် သိပ်လက်မခံတတ်ကြချေ... ကျန်းမင်ယွမ်သည်လည်း ထိုသို့ပင်...

သူက ဖုန်းမျက်နှာပြင်ပေါ်တွင် ရှိနေသောကလေးလေးကို သူနှင့်တူသည်ဟု တစ်စွန်းတစ်စလေးပင် မထင်မိပေ... သူ့လက်ထောက်ဟာ တွေ့သမျှကလေးကို ဓါတ်ပုံလိုက်ရိုက်နိုင်လောက်သည်အထိ အားယားနေသည်ဟုသာ တွေးလို့နေသည်...

ကျန်းမင်ယွမ် : " မင်း အရမ်းအားယားနေလား..."

လီကျောင်းရီ Bossဖြစ်သူ ပြန်ပို့သောမက်ဆေ့စ်ကို ဖတ်ပြီးချိန်၌ ချက်ချင်းပင် တောင့်တင်းသွားခဲ့၏... သူ့မျက်လုံးထဲတွင်လည်း bossကျန်း၏ကြောက်စရာကောင်းလှသောဒေါသမျက်ဝန်းတို့ကို မြင်ယောင်လာခဲ့သည်...

တကယ္လို့ သူ့Bossက ဒီကလေးလေးဟာ သူ(ကျန်းမင်ယွမ်)နှင့်မတူဘူးဟု ထင်ပါက သူ(လီကျောင်းရီ)ဟာ ဆက်ပြီး အထွန့်တက်ရဲလောက်သည်အထိ သတ္တိမရှိပါလေ...

Bossကျန်း၏ဒေါသမျက်ဝန်းနှင့် တစ်ချက်အကြည့်ခံရပါလျှင် သူ့ရဲ့မရှိမဲ့ ရှိမဲ့အသက်လေးသည် ချက်ချင်းပင် အငွေ့ပျံသွားနိုင်လောက်၏... ကျောင်းရီဟာ ကလေးလေးကို ကြည့်ပြီးနောက် လှပသောဆိုင်ရှင်အမျိုးသမီးလေးကို လှမ်းကြည့်လိုက်မိသည်..

ကလေးလေးရဲ့ပုံစံကို ကြည့်ရသည်မှာ အနည်းဆုံး၃ ၄နှစ်လောက်သာရှိပေလိမ့်မည်... ထိုသို့သာဆိုလျှင် ကိုယ်ဝန်ဆောင်ကာလကိုပါ ထည့်စဉ်းစားကြည့်ပါက bossဖြစ်သူ အာဏာအတည်အတန့်ခိုင်မာလာသည်အချိန်နှင့် မတိမ်းမယမ်းပင်... Bossတစ်ယောက် တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် သတိလက်လွတ်ဖြစ်သွားခဲ့ဖူးသည်လား... လီကျောင်းရီတစ်ယောက် ပိုစဉ်းစားလေ ပိုခက်ခဲလေဖြစ်လို့နေသည်...

သူကြားထားရသလောက်ဆိုပါလျှင် bossကျန်းအား သူ့မိခင်ဖြစ်သူက တစ်စုံတစ်ယောက်နှင့်အတည်တကျဖြစ်ကာ သူမအတွက် မြေးတစ်ယောက်မွေးပေးရန် မျှော်လင့်နေပြီဖြစ်သည်... အကယ်၍သာ သူမတွင် မြေးတစ်ယောက်ရှိနေပြီဟု သိရပါက အတော်လေးပျော်ရွှင်သွားလောက်ပေတယ်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now