ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.5K 235 0
                                    

Chapter 69

{ ယုံဖို့ရန် ခက်ခဲ - ၂ }

ရှင်းရှင်းလေးတစ်ယောက် စိတ်လှုပ်ရှားနေသောပုံစံဖြင့်ပြေးလာသောပုံစံကြောင့် ချန်းဟွမ် ထိုကလေးပေါက်လေး ရောက်လာသည်ကို ချက်ချင်းသတိထားလိုက်မိပေသည်...

ပေါက်စီလုံးလေးသည် သူ့လက်ထဲမှ ကုဗတုံးလေးကို ကိုင်မြှောက်ထားရင်း သူမဆီသို့ ပြေးလာချေ၏... အရင်တစ်ခါ ဉာဏ်စမ်းကုဗတုံးအသေးစားလေးကို ဖြေရှင်းလိုက်နိုင်တုန်းကလို ပုံစံမျိုးပင်...

" မေမေ! မေမေ! ဒီမှာကြည့်ပါအုံး! "

" Woww... အမေ့သားလေးက တော်လိုက်တာ... "

ချန်းဟွမ်သည် သားဖြစ်သူဆီသို့ လျှောက်လာပြီးနောက် ကုဗတုံးအား ကြည့်လိုက်ရင်း ချီးကျူးစကားဆိုလိုက်သည်...

" သား ဘယ်လိုဖြေရှင်းလိုက်တာလဲ... "

" ဦးလေးကြီးတစ်ယောက် သင်ပေးတာ... မနေ့က လာတဲ့အရမ်းချောတဲ့ဦးလေးကြီးလေ... " ရှင်းရှင်းလေးသည် ကျန်းမင်ယွမ် ထိုင်နေခဲ့သောနေရာသို့ လှည့်မကြည့်သေးဘဲ အရင်ညွှန်ပြရင်း ပြောလိုက်လေသည်... သို့သော် လှည့်ကြည့်လိုက်ချိန်တွင်တော့ ထိုဦးလေးကြီးဟာ နေရာတွင် မရှိတော့ပေ.

.

" ဟာ ဦးလေးကြီး မရှိတော့ဘူး... "

" ဦးလေးကြီးက အိမ်ပြန်သွားပြီနေမှာပေါ့... အခုအရမ်းညဥ့်နက်နေပြီဆိုတော့ သူလည်း အိပ်ချင်မှာပဲလေ... " ချန်းဟွမ်သည် အလုပ်များနေခဲ့သောကြောင့် ရှင်းရှင်း ရှိနေသောနေရာသို့ လှည့်မကြည့်မိပေမယ့်လည်း သားဖြစ်သူ ပြောပြထားသောကြောင့် ထိုအမျိုးသားအကြောင်းကို အနည်းငယ်ကြားဖူးပေ၏...

ထိုအမျိုးသားသည် အနက်ရောင်suit(ဝတ်စုံပြည့်)ကိုသာ ဝတ်ဆင်လေ့ရှိကာ ညစျေးလို နေရာမျိုး၌ ကွဲထွက်လို့နေသည်... ဒါ့အပြင် ထိုအမျိုးသားဟာ ဘာဘီကျူးစားရန် လာသည့်ပုံစံမပေါ်ချေ... ရှန်းလီပြောပြပုံအရ  ထိုအမျိုးသားသည် မနေ့ညက ဘာဘီကျူးများစွာ မှာခဲ့သော်လည်း တစ်ကိုက်သာ စားကြည့်သည်ဟု ချန်းဟွမ်သိထားပေသည်..

ချန်းဟွမ်သည် ထိုအမျိုးသားနှင့်ပတ်သက်ပြီး သိပ်စိတ်မဝင်စားပါသော်ငြား ယခုတလောတွင် ကလေးသူငယ်များ ပြန်ပေးဆွဲခံရ၊ အဖမ်းခံရ၊ ရောင်းစားခံရသောသတင်းမျိုး မကြာခဏကြားနေရသောကြောင့် ရှင်းရှင်းလေးအတွက် စိုးရိမ်စိတ်ဖြစ်ရပြန်၏...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Où les histoires vivent. Découvrez maintenant