ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.1K 223 0
                                    

Chapter 31

{ ပထမရက် - ၃ }

ထိုနေ့ညနေ၆နာရီတွင်~~~

ချန်းဟွမ် လိုအပ်သောပစ္စည်းများကို သေချာ ထုတ္ပိုးလို့ ပြီးခဲ့ပြီ... သူမ ရှင်းရှင်းလေးနှင့်အတူ ပြင်ဆင်ထားသောအစားအစာများ၊ စားပွဲများနှင့်ကုလားထိုင်များကို လျှပ်စစ်လှည်းလေးပေါ်သို့ တင်ကာ သယ်ဆောင်လာခဲ့သည်...

သူမ ထိုလှည်းလေးကို လွန်ခဲ့သော ရက်အနည်းငယ်လောက် ဝယ်ထားခဲ့ခြင်းဖြစ်၏... လှည်းလေးပ အရမ်းမကြီးသော်ငြား သူမ လိုအပ်သောပစ္စည်းများကို သယ်ဖို့အတွက်တော့ အဆင်ပြေလှသည်... ချန်းဟွမ်က စားပွဲနဲ့ ကုလားထိုင်တွေကို ကြိုးနဲ့ သေချာချည်ထားခဲ့ပြီး ဘာဘီကျူးရောင်းရန်အတွက် စဉ်းစားထားခဲ့သောနေရာသို့ ထွက်လာခဲ့သည်...

ယခုအချိန်သည် ကားရှုပ်ချိန်ဖြစ်သော်လည်းပဲ...ကံကောင်းစွာနဲ့ ချန်းဟွမ် ရှာထားသောနေရာမှာ သူမတို့နေသောနေရာနှင့် ၅ မိနစ်လောက်သာ ဝေးပေ၏...

သူမ ရွေးထားသောနေရာမှာ ပလာဇာ တစ်ခုအနီးတွင် ဖြစ်သည်... ထိုနေရာသည် အရင်က အရောင်းစင်တာတစ်ခုဖြစ်ပြီး ယခုတွင်တော့ အထဲမှဆိုင်ခန်းများအားလုံးဟာ ရောင်းချလိုက်ပြီဖြစ်လေသည်... ဆိုင်များအားလုံးကို ရောင်းချပြီးနောက် အရောင်းစင်တာကို ဖြုတ်ချလိုက်တာကြောင့် ထိုနေရာသည် အတော်လေး ရှင်းလင်းသွားခဲ့ချေသည်.. ထို့နောက်တွင်တော့ တစ်ဝက်ကို အနားယူရန်နေရာအဖြစ် ပြောင်းလဲလိုက်ကာ ကျန်တစ်ဝက်ကိုတော့ ညဈေးအဖြစ်ထားရှိထားပေ၏...

ချန်းဟွ် အရောက်နောက်ကျသောကြောင့် တခြားဆိုင် အမ်ားစုမွာ ဆိုင်ခင်းနေရာတောင် ပြင်ဆင်ပြီးခဲ့လေပြီ...

သူမ ရောက်ချိန်၌ ထောင့်တွင် နေရာနှစ်ခုသာ ကျန်တော့သည်... ချန်းဟွမ်က နေရာအခြေအနေကြောင့် မရောင်းရမည်ကို စိတ်မပူလှပေ... သူမသည် ကေလးကို ဘေးတွင် ခဏရပ်ခိုင်းထားကာ ဆိုင်ခင်းရန် ပြင်ဆင်လိုက်သည်...

ချန်းဟွမ် လှည်းပေါ်ရှိပစ္စည်းများကို တစ်ခုပြီးတစ်ခု သယ်ထုတ်ပြီးနောက် တဲလေး ထိုးနိုင်ရန် ပြင်ဆင်လို့နေသည်..

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်حيث تعيش القصص. اكتشف الآن