ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.5K 247 0
                                    

Chapter 55

{ ဆောင်းဦးရာသီပွဲတော် - ၁ }

ကျန်းမင်ယွမ် ဓါတ်ပုံနှစ်ခုကို ယှဉ်ကြည့်လို့နေရင်း သူကိုယ်တိုင် မေ့ဖျောက်ပစ်ခဲ့သောအဖြစ်အပျက်တချို့ သူ့အတွေးတို့ထဲတွင် တစ်ဖန်ပြန်၍ ပေါ်လာခဲ့သည်...

ထိုအချိန်က နိုင်ငံအတွင်းမူဝါဒတချို့အပြောင်းအလဲဖြစ်ခဲ့တာကြောင့် ကျန်းကော်ပိုရေးရှင်းက ငွေကြေးပိုင်းဆိုင်ရာအခက်အခဲများ ရင်ဆိုင်ခဲ့ရသည်... ကော်ပိုရေးရှင်းအတွင်းတွင် ငွေကြေးအခက်အခဲများရှိလာခဲ့သောကြောင့် စတော့ရှယ်ယာများ ထိုးက်လာခဲ့ကာ ရှယ်ယာရှင်များအားလုံးဟာလည်း မပျော်မရွှင်ဖြစ်လာ၏...

အသက် ၁၈နှစ်အရွယ်မှစကာ ရေကုန်ရေခမ်းကြိုးစားခဲ့သောကျန်းမင်ယွမ်ဟာ နှစ်အတော်လေးကြာပြီးနောက်တွင်တော့ ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် အောင်မြင်မှုဂုဏ်သတင်းများစွာ ရရှိလာသည်...

ကျန်းကော်ပိုရေးရှင်း၌ငွေကြေးအခက်အခဲများ ဖိလာချိန်တွင်တော့ စတော့ရှယ်ယာရှင်များဟာ ကုမ္မဏီအား ထိန်းချုပ်နေသောလူကြီးများကို ဆန့်ကျင်ကာ ငယ်ရွယ်ပြီး စီးပွားရေးအကွက်မြင်သောကျန်းမင်ယွမ်အား နေရာပေးရန် ထောက်ခံလာကြသည်...

ကုမ္မဏီရှိလူကြီးများဟာ ၎င်းတို့နှိမ်ခဲ့ပါသောလူငယ်လေးအား လွယ်လွယ်ဖြင့် နေရာမပေးချင်ခဲ့ပေ..

ကုမ္မဏီမှလူကြီးပိုင်းများက နောက်ပေါက်လေးဖြစ်သောကျန်းမင်ယွမ်အား နေရာမပေးချင်ရုံမက သူ့တွင်ရှိနေသောဂုဏ်သတင်းတို့ကိုပင် မနာလိုဖြစ်လို့နေကြသည်..

ထိုချိန်မှစကာ ကျန်းမင်ယွမ်ရဲ့နေ့စဉ်ဘဝဟာ ပုံမှန်ထက် နှစ်ဆကြမ်းတမ်းလာခဲ့တော့သည်... သူနေထိုင်သောနေရာများတွင် လျှို့ဝှက်ကင်မရာများဖြင့် စောင့်ကြည့်ခံရခြင်း၊ ကားဘရိတ်ပေါက်ခြင်းအပြင် လူသွားစင်္ကြံတွင် လမ်းလျှောက်နေလျှင်တောင် ကားဖြင့် အတိုက်ခံရသေး၏...

သို့သော်လည်း ကံကောင်းစွာနှင့်ပင် ကျန်းမင်ယွမ်သည် ထိုမတော်တဆမှုများကြောင့် သေစေနိုင်လောက်သည့်အထိ ထိခိုက်မှုမရခဲ့ပေ...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now