ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.4K 230 0
                                    

Chapter 54

{ ချွတ်စွပ်နီးပါး တူလွန်းတယ် - ၃ }

သွားလာရေး လွယ်ကူအဆင်ပြေစေရန်အတွက် ကျန်းမင်ယွမ်သည် ကုမ္မဏီသို့ ၅မိနစ်မျှလမ်းလျှောက်သွားနိုင်သော တိုက်ခန်းတစ်ခုတွင်သာ နေထိုင်သည်... သူ လက္တစ္ဖက္ကို ဘောင်းဘီအိတ်ထဲထည့်ထားပြီး နောက်လက်တစ်ဖက်ဖြင့် ဓါတ်လှေကား၌ ဝင်ခွင့်ကတ်ကို ဖြတ်လိုက်ကာ အထဲသို့ ဝင်လိုက်၏...

ယခုတိုက်ခန်းသည် ကျန်းကော်ပိုရေးရှင်း၏ ပရောဂျက်များထဲမှတစ်ခုပင်... အထူးသဖြင့် ငွေကြေးအများအပြားသုံးစွဲနိုင်သောသူဌေးများအတွက် ပြုလုပ်ထားခြင်းဖြစ်လေသည်...

တိုက်ခန်းတည်ရှိရာနေရာသည် အချက်အချာကျတာကြောင့် လူဦးထူထည်သော်လည်း ပတ်ဝန်းကျင်တွင် အပင်စိုက်ပျိုးထားခြင်းများစွာရှိသည်... ထိုတိုက်ခန်းတို့မှာ ပုံမှန်တိုက်ခန်းများထက် ၃ ၄ဆလောက် ပိုကျယ်ဝန်းလှ၏... တစ်ယောက်အိပ်ခန်း၊ နှစ်ယောက်အိပ်ခန်းများမှာလည်း ကျဉ်းကျဉ်းလေး မဟုတ်ဘဲ ပုံမှန်အိပ်ခန်းတစ်ခန်း၏၂ဆနီးပါးပင်...

ထိုတိုက်ခန်းများရဲ့ပိုင်ရှင်ဖြစ်သောကျန်းမင်ယွမ်က အပေါ်ဆုံး ၃လွှာတွင် နေထိုင်၏... ပထမအလွှာကို သူ့အတွက်ရုံးခန်း၊ ဒုတိယအလွှာကိုတော့ Gymအဖြစ်အသုံးပြုပြီး အပေါ်ဆုံးအလွှာကို သူနေထိုင်ရာအခန်းအဖြစ် အသုံးပြုပေသည်...

အိမ်ရာက မြို့တော်C၏ ကန်ရေပြင်ကျယ်ကြီးတစ်ခု၏ဘေးတွင် တည်ရှိခြင်းဖြစ်၏... ကျန်းမင်ယွမ်ဟာ ပြတင်းပေါက်ဘေးတွင် တခဏမျှရပ်နေရင်း ကန်ရေပြင်ကျယ်ကြီး၏တခြားတစ်ဖက်ဆီမှမီးရောင်စုံတို့ကို ငေးကြည့်နေချေသည်...

ခေတ္တအကြာတွင်တော့ သူ သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီးနောက် အပေါ်အင်္ကျီကို ချွတ်လိုက်သည်... ထို့နောက်တွင် နက်ကတိုင်ကို ဖြေလျှော့လိုက်ကာ ရှပ်အင်္ကျီ၏ကြယ်သီးသုံးလုံးကို ဖြုတ်လိုက်ချိန်တွင် သူ၏တောင့်တင်းလှသောကြွက်သားတို့နှင့် ဆွဲဆောင်မှုရှိသော ရင်ဘတ်ကြွက်သားတို့ ပေါ်ထွက်လာခဲ့တော့သည်...

ထို့နောက်တွင် ကျန်းမင်ယွမ်ဟာ သူ့အင်္ကျီတို့ကို ချွတ်လိုက်ပြီး workoutလုပ်သည့်အင်္ကျီကို ကောက်ယူလိုက်ကာ Gymရှိသည့်အလွှာဆီသို့ သွားလိုက်သည်..

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Tempat cerita menjadi hidup. Temukan sekarang