ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

2.9K 181 1
                                    

Chapter 144
{ ရွေးချယ်စရာမရှိ - ၁ }

ရှင်းရှင်းလေးသည် ဖေဖေမှ သူ့ကို ဆူလိုက်တာကြောင့် အနည်းငယ် အံသြသွားသည် .. ဖေဖေက သူကို မေမေ့အား ဘာကြောင့် ဖက်ခွင့် မပေးသည်ကို နားမလည်ပါလေ... ကလေးလေးက မိခင်ဖြစ်သူကိုအပြစ်ကင်းသောမျက်လုံးဝိုင်းဝိုင်းကြီးများနှင့် စိတ်အားထက်သန်စွာ မော့ကြည့်နေခဲ့ရင်း မေမေက သူ့ဘက်မှ ဝင်ရောက်ပြောပေးဖို့ မျှော်လင့်နေမိသည်...

သို့သော်လည်း မေမေက သူ့ကို စူးစူးစိုက်စိုက်ကြည့်ရင်း " ဘာဖြစ်လို့လဲ သားလေး "ဟုသာ မေးလာခဲ့သည်...

မေမေနှင့် သူသည် တစ်ယောက်နှင့်တစ်ယောက် စိတ်ချင်းဆက်သွယ်နိုင်စွမ်း ပျက်ကွက်သည်ဟု ရှင်းရှင်းတစ်ယောက် ခံစားမိသည်... ထို့နောက်တွင်တော့ ကလေးလေးသည် ခေါင်းလေးငုံ့ထားရင်း သူမအနားသို့ ပိုတိုးကပ်လိုက်ပြီး " ဒီနေ့ ည မေမေနဲ့တူတူ အိပ်ချင်တယ်..." ဟု တောင်းဆိုလာပြန်၏...

" ကောင်းပါပြီ... " ချန်းဟွမ် ကျန်းမင်ယွမ်ကို တစ်ချက်ကြည့်လိုက်သည်... ဘာပဲဖြစ်ဖြစ် သူမနှင့်သားဖြစ်သူသည် အမြဲအတူတူအိပ်ခဲ့ကြတာပဲလေ...

သူမ၏ပေါ့ပေါ့ပါးပါးပြန်ဖြေစကားကို နားထောင်ပြီးနောက်တွင် ကျန်းမင်ယွမ်သည် အနည်းငယ် မျက်မှောင်ကျုံ့လိုက်ပြီး ရှင်းရှင်းလေးကို သူ့ဘက်သို့ ပြန်ဆွဲလိုက်ကာ " ရှင်းရှင်းလေးက အသက်ကြီးလာပြီလေ... မေမေနဲ့ အမြဲအိပ်လို့ မဖြစ်တော့ဘူး... "

ကျန်းမင်ယွမ်ပြောချင်သည့်အကြောင်းကို ရှင်းရှင်းလေး ကောင်းကောင်းနားလည်ပေသည်... ထို့ကြောင့်လည်း ကလေးလေး၏ရင်ထဲသို့ အန္တရာယ်တစ်ခု တိုးဝင်လာခဲ့တော့တယ်... မေမေနှင့် ခွဲအိပ်ရမယ်ဆိုသောအန္တရာယ်ပင်...

ဖခင်၏စကားအဆုံးတွင် ကလေးလေးသည် ဖေဖေ့ကို မပျော်မရွှင် စိုက်ကြည့်ပြီး  " သားက ငယ်ငယ်လေးပဲ ရှိသေးတာပါ ဖေဖေ..."...

သူက ငယ်သေးတာမို့ သူ့မေမေနှင့်တူတူ အိပ်ဖို့ အဆင်ပြေသည်လေ...

ရှင်းရှင်းလေး၏စကားကြောင့် ကလေးလေး၏လက်တစ်ဖက်ကို ကိုင်ထားသောကျန်းမင်ယွမ်၏လက်သည် အနည်းငယ်တင်းသွားခဲ့လေသည်... ကျန်းမင်ယွမ် ပြုံးနေသောအမျိုးသမီးကို ကြည့်လိုက်ပြီးနောက်တွင် ရှင်းရှင်းလေးကို ကျိုးကြောင်းဆီလျော်အောင် ရှင်းပြရန်သာ ရှိတော့၏...  " နောက်နှစ်ဆိုရင် သားက ငါးနှစ်ပြည့်တော့မယ်... လူကြီးဖြစ်တော့မှာလေ ရှင်းရှင်း "

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Où les histoires vivent. Découvrez maintenant