ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.2K 228 0
                                    

Chapter 41

{ Liveလွှင့်ခြင်း - ၂ }

ချန်းဟွမ်သည် အသားတချို့ကို လှန်ရန်သာ အာရုံစိုက်လိုက်၏... အနှီအမျိုးသားက ချန်းဟွမ်အား စကားထပ်ပြောတော့မည့်အချိန်၌ သူ့အား တစ်စုံတစ်ယောက်က စကားပြောလိုက်သည်ကို ကြားလိုက်ရချေသည်... " တစ်ဆိတ်လောက်... "

ထိုအမျိုးသား အံကြိတ်လိုက်ကာ မလှုပ်မယှက်ရပ်နေလိုက်သည်... ထို့နောက် တစ်စုံတစ်ယောက်က ချန်းဟွမ်အား အေနာက္သို့ လှမ်းဆွဲလိုက်၏... ပြီးနောက်တွင်တော့ ပန်းကန်ပြားတစ်ချပ်ကိုင်ထားသောအမျိုးသမီးကြီးသည် သူမရဲ့ကြီးမားသောခန္ဓာကိုယ်ဖြင့် ချန်းဟွမ်အား ကာလိုက်ပြီး " ဟေး.. လူချောလေး၊ ဘာမွာမလဲ... မှာချင်တာကို ငါ့ဆီမွာ မှာလို့ရတယ်နော်... "

ထိုအမျိုးသားသည် ချန်းဟွမ်အား လိုက်ရန်သာ ဒီနေရာကို လာခြင်းဖြစ်ပြီး ဘာမျှမှာစားရန် စိတ်ကူးမရှိသူပင်... ထိုသူသည် အေနာက္သို့ လှမ်းကြည့်ကာ ချန်းဟွမ်အား တစ်ခုခုပြောချင်သော်လည်း တခြားအမျိုးသမီးကြီးက သူ့ကို လုံးဝဝင်နှောင့်ယှက်နေတော့သည်...

" စိတ်မပူပါနဲ့ လူချောလေး... မင်းစားချင်တာကို မှာလို့ရသေးတယ်... ဘာဘီကျူးတွေ မကုန်သေးဘူး... မှာပြီး ခဏပဲစောင့်ပေးရမှာနော်... "

ရှန်းလီဆိုသောအမျိုးသမီးကြီးသည် ချန်းဟွမ်ကို လာပိုးပန်းသောအမျိုးသားတို့အား ရှင်းပြီးနောက်တွင် ချန်းဟွမ်နားသို့ ပြန်လာကာ ခပ်တိုးတိုးပြောလာခဲ့လေ၏... "

ဒီလူတွေက သမီးဆီကို နေ့တိုင်းလာနေကြတာ သမီး မကြောက်ဘူးလား... ဒီတိုင်းစကားပြောတာဆိုရင် ပြဿနာမရှိပေမယ့် တစ်နေ့မှာ မဖြစ်သင့်တာတွေဖြစ်လာမှာ စိုးရိမ်စရာပဲလေ... "

ချန်းဟွမ်သည် ရှန်းလီ၏စကားကြောင့် ခေတ္တမျှရပ်တန့်သွားခဲ့သည်...

သူမ ဆိုင်ဖွင့်ပြီးတည်းက သူမကို လာပိုးပန်းသောအမျိုးသားများစွာ နေ့တိုင်းရောက်လာကြစမြဲပင်... တစ်ချို့က သူမကို ဆိုင်ပြင်တွင်စောင့်နေကြပြီး ဆိုင်သိမ်းချိန်တွင် သူတို့နှင့် Dateရန် ချိန်းဆိုကြတတ်၏...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Hikayelerin yaşadığı yer. Şimdi keşfedin