ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.6K 275 0
                                    

Chapter 13
{ သွားကြစို့ - ၂ }

ပေါက်စီလုံးလေးက သူ့အမေလည်ပင်းကို လက်နှစ်ဖက်နှင့် ဖက်ထားရင်း "မေမေ ဒီနေ့နေ့လည်စာက ပေါင်မုန့်တွေပဲမလားဟင်... "

ချန်းဟွမ်က နေ့လည်စာ ဘာလုပ်စားရင်ကောင်းမလဲဟု စဉ်းစားနေစဉ်တွင် ကေလးဆီမွ ပေါင်မုန့်အကြောင်း ထပ်ကြားလိုက်ရသည်ကြောင့် မျက်ခုံးပင့်လိုက်မိသည်... "ပေါင်မုန့်ကို အရမ်းကြိုက်တာပဲလား သားသား "

ပေါက်စီလုံးလေးက ချက်ချင်းပင်ခေါင်းပြန်ညိမ့်ပြလိုက်ကာ "ပေါင်မုန့်ကို အကြိုက်ဆုံးဘဲ! "

ချန်းဟွမ် ရှောင်ရှောင်လေးအား ကြည့်လိုက်ရင်း ပြုံးလိုက်ပြီးနောက် " ဒါဆို မေမေ လုပ်ကျေွးမယ့် တခြားအစားအသောက်တွေကို မစားကြည့်ချင်ဘူးလား "ဟု ထပ်မေးလိုက်သည်..

အမေဖြစ်သူရဲ့ထိုအမေးကိုကြား ပြီးနောက်တွင်တော့ ကေလးက ချန်းဟွမ်ရဲ့လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြီး သူ့မေးစေ့လေးကို အမေဖြစ်သူရဲ့ပခုံးပေါ်တွင်တင်ထားလိုက်ရင်း တိုးတိုးလေးပြန်ပြောလေ၏...

" သားက ပေါင်မုန့်ကို အလိုချင်ဆုံးပဲ... "

" ဟုတ်ပါပြီ ဒါဆို မေမေက ပေါင်မုန့် ထပ်လုပ်ပေးမယ်နော်... "

သူမ ပေါင်မုန့်ထပ်လုပ်ပေးဖို့ ချက်ချင်း သဘောတူလိုက်သည်... သေးငယ်သော တောင်းဆိုမှုလေး တစ္ခုကို လိုက်လျောပေးဖို့ ပြဿနာမရှိပေ...

" ရေးးး မေမေက အကောင်းဆုံးပဲ "

သူ့တောင်းဆိုမှုကို ချန်းဟွမ်က လက်ခံပြီးနောက်တွင် ကလေးလေးသည် ပျော်ရွှင်စွာဖြင့် ချန်းဟွမ်ပါးကို နမ်းလိုက်၏... " သားက မေမေကို အခ်စ္ဆုံးပဲ " ထိုသို့ဆိုပြီးနောက် မျှော်လင့်ချက်တို့ပြည့်နေသောအကြည့်ဖြင့် ကြည့်နေပြန်၏...

မျှော်လင့်ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ ကလေးလေးရဲ့အကြည့်ကို တွေ့လိုက်သောချန်းဟွမ် တုံ့ဆိုင်းမနေဘဲ ပေါက်စီလုံးလေးရဲ့ပါးပြင်ကို ပြန်နမ်းလိုက်သည်...

" မေမေကလည်း မေမေ့ရဲ့ပေါင်ပေါင် လေးကို အခ်စ္ဆုံးပဲ... "

၃ရက်ကြာပြီးနောက်တွင်တော့ ချန်းဟွမ်သည် ကလေးလေးတောင်းဆိုမှုကို လက်ခံလိုက်မိသည့်အတွက် အနည်းငယ်နောင်တရမိသွားသည်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Hikayelerin yaşadığı yer. Şimdi keşfedin