ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.5K 233 0
                                    

Chapter 57

{ ဆောင်းဦးရာသီပွဲတော် - ၃ }

တစ်ဖက်တွင်တော့ ချန်းဟွမ်သည် သူမသားဖြစ်သူအား တစ်စုံတစ်ယောက်က စောင့်ကြည့်နေခဲ့သည်ကို လုံးဝမသိခဲ့ပေ...

မူလဇာတ်ကြောင်းအရ ဇာတ်လိုက်သည် သူ့ဆီတွင် သားတစ်ယောက်ရှိနေခြင်းကို နောက်၂နှစ်လောက်ကြာမှသာ သိခဲ့ခြင်းဖြစ်သည် ထိုသို့သိသွားခဲ့ခြင်းဟာလည်း မူလချန်းဟွမ်က ကေလးအား ဇာတ္လိုက္ဆီသို့ ခေါ်ဆောင်သွားခဲ့ခြင်းကြောင့်ပင်...

သူမကေတာ့ ကေလးကို ဇာတ္လိုက္ဆီသို့ ခေါ်သွားချင်စိတ်မရှိပေ... ရှင်းရှင်းလေးက ဇာတ်လိုက်နှင့် ဇာတ်လိုက်မကြားမှ ဆူးခလုတ်တစ်ခုဖြစ်သွားမည်ကို မလိုလားပေ...

သူမရဲ့ဘာဘီကျူးလုပ်ငန်းလေးသည် နွေရာသီအတောအတွင်း အတော်လေးအရောင်းသွက်ခဲ့သော်ငြား တဖြည်းဖြည်း ရာသီဥတု အေးလာခဲ့ချိန်တွင် လာရောက်စားသုံးသူနည်းပါးလာတော့၏...

ချန်းဟွမ်သည် ဘာဘီကျူးဆိုင်လေး အရောင်းသွက်ခဲ့ချိန်က များများစားစားစုဆောင်းခဲ့နိုင်သောကြောင့် ယခုတွင် သူမ အစီအစဉ်အတိုင်း ဆိုင်ခန်းတစ်ခု ငှားရမ်းနိုင်လောက်သည်အထိ စုမိထားပေပြီ... သူမက ဘာဘီကျူးအပြင် တခြားသောအစားအသောက်များပါ ရောင်းချနိုင်ရန်အတွက် ဆိုင်နေရာကြီးကြီးမားမားတစ်ခုကို ငှားနိုင်ဖို့ရာ မျှော်မှန်းထားလေသည်..

ဥပမာအနေဖြင့် အခုနောက်ပိုင်းတွင် ရာသီဥတုအေးလာပြီဖြစ်တာကြောင့် ပူပူနွေးနွေးhotpotလို အစားအစာမျိုး ရောင်းချနိုင်ရန်ပင်...

အတည်တကျ ဆိုင်ခန်းကျယ်တစ်ခု ရှာဖွေခြင်းက ညဈေးတွင် လမ်းဘေးဆိုင်လေးအတွက် နေရာရှာရခြင်းထက် ပိုခက်ခဲလှသည်... ဆိုင်ခန်းအတွက် နေရာရှာဖွေနေသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်သော်လည်း သူမ စိတ်ကြိုက်ဖြစ်သည့်နေရာကို ရှာမတွေ့သေးပေ... သို့သော် သူမကလည်း အလျင်မလိုချေ... သူမသည် နေရာရှာနေရင်းဖြင့် ညဈေးတွင် ဆိုင်ဆက်ဖွင့်ကာ ပျော်ရွှင်စွာ ဝင်ငွေရှာနေဆဲပင်...

အချိန်တို့ တရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီး တဖြည်းဖြည်းဖြင့် ဆောင်းဦးရာသီထဲသို့ ဝင်လာခဲ့လေပြီ... ယခုဆိုလျှင် ကလေးလေးသည်လည်း ကျောင်းတက်တာ တစ်လပြည့်ခဲ့သလို ကျောင်းစတက်သည့်နေ့မှ ယခုချိန်အထိ ပထမဆုံးအကြိမ်အဖြစ် ကျောင်းပိတ်ရက်ရှည်အဖြစ် အားလပ်ရက်၈ရက် ရခဲ့ပြီလည်းဖြစ်၏...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Tempat cerita menjadi hidup. Temukan sekarang