ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.3K 211 1
                                    

Chapter 85
{ ကလေးအတွက် လျော်ကြေးလား? ကလေးကို ပြန်ခေါ်မလို့လား? - ၃ }

ပေါက်စီလုံးလေးသည် ပန်းလေးများ ထပ်မခူးဖို့ ဆုံးဖြတ်ပြီးနောက် ပန်းပင်လေးရှိရာဘက်ကို ပြန်လှည့်လိုက်ကာ ခြေဖျားလေးထောက်ရင်း ပန်းရနံ့ကို အနံ့ခံလိုက်လေ၏... ထိုစဥ်တွင် ပန်းပင်တွင် ရှိနေသောပင့်ကူအိမ်ဟာ ကလေးလေး၏ပါးတွေ ကပ်ပါလာလေတယ်...

ရှင်းရှင်းလေးက မျက်နှာပေါ် ကပ်ပါလာသောပင့်ကူအိမ်ကို ဖယ်ရန် လက်လှမ်းလိုက်လေသည်...  ချန်းဟွမ်က ရှင်းရှင်းလေး ပါးစပ်ထဲသို့ မတော်တဆ ပင့်ကူဝင်သွားမည်စိုးသောကြောင့် ပင့်ကူအိမ်အား အလျင်အမြန်ဖယ်ပေးလိုက်ချေတယ်...

ပင့်ကူအိမ်ဖယ်လိုက်ပြီးချိန်တွင်တော့ ပေါက်စီလုံးလေးဟာ မိခင်ဖြစ်သူအား နူးညံ့စွာပြုံးပြလို့လာ၏... ချန်းဟွမ်သည် ပေါက်စီလုံးလေး၏ချစ်စရာကောင်းသောပုံစံလေးကို ကြည့်ပြီးနောက် ကလေးလေး၏ပါးကို ခပ်ဖွဖွဆွဲလိုက်လေသည်...

ထိုချိန်တွင်ပင်...

သူမ ဦးနှောက်ထဲတွင် ပုံရိပ်တချို့ဖြတ်ပြေးလာတော့၏... သူမသည် ရှင်းရှင်းလေး၏ကျောင်းတွင် တွေ့ခဲ့သောအမည်မသိအမျိုးသားကို ပြန်သတိရသွားချေတယ်... ထိုအမျိုးသားဟာ ရှင်းရှင်းလေးနှင့် ချွတ်စွတ်နီးပါးတူလွန်းပေသည်... ထို့ကြောင့် သူမက ထိုအမျိုးသား၏မျက်နှာကို မြင်ဖူးသည်ဟု ခံစားနေရသည်မှာ မဆန်းလှချေ...

သူမ စဥ်းစားနေသည့်ကိစ္စတစ်ခု၏အမှန်တရားက တဖြည်းဖြည်း ရုပ်လုံးပေါ်လာချိန်တွင် သူမ၏စိတ်အစဥ်တို့ ပိုလို့ပင် လေးလံလို့လာပေသည်... ထို့နောက်တွင်တော့ သူမ မေ့ပျောက်ထားမိသောမူလဇာတ်လမ်းထဲမှ မူလချန်းဟွမ်ဟာ သားဖြစ်သူအား ဇာတ်လိုက်ဆီသို့ သွားခေါ်ခဲ့သည့်ဇာတ်ကွက်တို့ကို ပြန်လည် တွေးတောလိုက်မိ၏... ကျန်းရှင်းချန်လေးအား(ရှင်းရှင်း) တွေ့သောသူတို့က သူဟာ ဇာတ်လိုက်နှင့်ချွတ်စွတ်တူလွန်းသည်ကို လက်ခံကြချေသည်... ဇာတ်လိုက်၏မိခင်ကိုယ်တိုင်မှာလည်း ရှင်းရှင်းလေးဆီမှ မွေးရာပါအမှတ်ကို ကြည့်ကာ DNAစစ်ပါ သေချာစစ်ဆေးကြည့်ပြီးနောက် မြေးအဖြစ် လက်ခံလိုက်လေတယ်...

ဝတ္ထုထဲမှ လူတိုင်းပြောသည့် ဇာတ်လိုက်နှင့်ရှင်းရှင်းလေးသည် ချွတ်စွတ်နီးပါးတူသည်ဆိုသောစကားအရသာဆိုပါလျှင် ကျောင်းတွင် သူမ တွေ့ခဲ့သောအမျိုးသားက~~~

ချန်းဟွမ်သည် သူမ သိရှိလိုက်ရသောအမှန်တရားကို ယုံကြည်ရန်ခက်ခဲလို့နေပေသည်... လက်ရှိအခြေအနေသည် သူမ သိထားသောမူလဇာတ်လမ်းနှင့် ကွဲလွဲလွန်းနေသောကြောင့်ပင်... သူမ သိထားသောဇာတ်လမ်းအရ လက်ရှိအချိန်၌ ဇာတ်လိုက်သည် သူ့ဆီတွင် သားတစ်ယောက်ရှိနေကြောင်း မသိသင့်သေးချေ...

~~~~~

ချန်းဟွမ်၏ အတွေးတို့ ရှုပ်ထွေးနေခဲ့သောကြောင့် ရှင်းရှင်းလေး၏ခေါ်သံကို မကြားပေ.

. ပေါက်စီလုံးလေးသည် ရုတ်တရက်ဆောင့်ကြောင့်ထိုင်ချလိုက်သောမိခင်ဖြစ်သူအား ကြည့်ရင်း "မေမေ မေမေ "ဟု အကြိမ်ကြိမ်ခေါ်နေခဲ့ရှာသည်...

"မေမေ မေမေ မေမေ " ပေါက်စီလုံးလေးက နောက်ထပ်အကြိမ်ကြိမ်ခေါ်နေခဲ့သော်လည်း  ချန်းဟွမ်ဟာ အတွေးနယ်လွန်နေဆဲပင်... ထိုချိန်တွင်တော့ ရှင်းရှင်းလေးသည် မိခင်ဖြစ်သူ၏ပါးနှစ်ဖက်ကို ခပ်ဖွဖွဆွဲညှစ်လိုက်လေတော့တယ်...

ချန်းဟွမ်သည်လည်း ထိုအခါမှသာ သတိပြန်ကပ်သွားခဲ့လေချေ၏... " ဘာဖြစ်လို့လဲ သားသား"

" စောနက မေမေ ဘာဖြစ်သွားတာလဲဟင် "

" မေမေ ဘာမှမဖြစ်ပါဘူး အဆင်ပြေပါတယ်... " ချန်းဟွမ်သည် သားဖြစ်သူအား ပြုံးပြရင်း ထိုသို့ပြောရင်း သားဖြစ်သူကို လက်တွဲလိုက်ကာ အိမ်ပြန်လမ်းကို ဆက်တော့သည်...

သို့သော်လည်း သူမ၏အတွေးများမှာတော့ မရပ်တန့်သွားပါလေ... မူလဇာတ်ကြောင်းကဘာကြောင့် သွေဖယ်လာသည်ကို သူမ နားမလည်တော့ချေ... လက်ရှိတွင် ရှင်းရှင်းလေးမှာလည်း ၄နှစ်အရွယ်သာရှိသေးပြီး ဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့မှာလည်း တစ်ယောက်နှင့်တစ်ယောက် မတွေ့ကြသေးပေ...

💓💓💓

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်حيث تعيش القصص. اكتشف الآن