ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.3K 210 0
                                    

Chapter 76

{ ကျောင်းတက်ချင်စိတ် - ၁ }

ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သူမပေါ်သို့ ငွေပုံကြီး ရောက်ရှိလာခဲ့ချေပြီ...

ချန်းဟွမ် သူမရဲ့ဘဏ်အကောင့်ထဲသို့ ပိုက်ဆံထည့်ရန် မသွားခင်တွင် ကခုန်နေသောသူမ၏စိတ်ဝိညာဥ်တို့ကို ငြိမ်သက်အောင် ပြန်လည်စုစည်းလိုက်သည်... ဘဏ်ရှိဝန်ထမ်းများဟာ သူမအား စိတ်အားထက်သန်စွာ နှုတ်ဆက်ကြပြီး  ဘဏ်၏ငွေကြေးရေးစီမံခန့်ခွဲရေးနှင့်ပတ်သက်သောအကြောင်းအရာအချက်အလက်တို့ကို အသေးစိတ်ရှင်းပြကြသည်...

ကံမကောင်းစွာဖြင့်ပင် လက်ရှိချန်းဟွမ်သည် ဝတ္ထုထဲမှဘဏ်တို့၏ငွေကြေးပိုင်းဆိုင်ရာကိစ္စတို့ကို လုံးဝနားမလည်ကြတာကြောင့် တိတ်တဆိတ်သာ နားထောင်နေခဲ့ရသည်..

ထို့နောက် သူမ အိမ်ပြန်ရောက်ချိန်၌ Hotpotဘုရင်ဆိုင်၏တာဝန်ခံဆီသို့ ဖုန်းခေါ်ဆိုရန် နံပါတ်ရှာနေစဥ်တွင် တခြားသောနံပါတ်တစ်ခုကို တွေ့သွားခဲ့ပြီး အနည်းငယ်တုံ့ဆိုင်းသွားခဲ့တော့သည်...

အိမ်ခြေမြေကုမ္မဏီသည် သူမအား ဆိုင်ခန်းနေရာနှစ်ခုကို အကြံပြုထားခြင်းဖြစ်ကာ သူမသည် ထိုနှစ်နေရာထဲမှ တစ်နေရာကိုသာ ကြည့်ရှုရသေး၏...ယခု သူမလက်ထဲ၌ ငွေကြေးအလုံအလောက်ရှိပြီဖြစ်တာကြောင့်ဒုတိယဆိုင်ခန်းနေရာကိုပါ ကြည့်ရှုသင့်သည်ဟု တွေးဆလိုက်မိသည်...

ဆုံးဖြတ်ပြီးနောက်တွင် သူမဟု ရှန်းလီဆီသို့ ဖုန်းခေါ်လိုက်ပြီး ယနေ့ည သူမ ညစျေးဆီသို့ မလာတော့ဘူးဟု အသိပေးလိုက်သည်... ထို့နောက် သူမ ရှင်းရှင်းလေးအား အိမ်နီးချင်းအိမ်တွင် ခေတ္တထားခဲ့လိုက်သည်... ချန်းဟွမ်သည် ပေါက်စီလုံးလေးအား ခေါ်သွားချင်သော်ငြားသူမ သွားရမည့်နေရာမှာ ဝေးလွန်းတာကြောင့် ကလေးကို အိမ်တွင်သာ ထားခဲ့ရန်သာ ဆုံးဖြတ်လိုက်ရတော့၏...

ညနေ ၅နာရီခွဲအချိန်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ပိုလို့ပင် တိုးလာခဲ့လေသည်... ချန်းဟွမ်က ရှင်းချီ ၇၃လမ်းကို တိုက်ရိုက်ရောက်မည့်ဘတ်စ်ကား သို့မဟုတ် မြေအောက်ရထားကို ရှာမတွေ့သည့်အပြင် တက္ကစီတစ်စီးပင် ရှာမရချေ... သူမသည် အချိန်တစ်ခုကြာသည်အထိ ဖုန်တလုံးလုံးကြားထဲ၌ မတ်တပ်ရပ်ခဲ့ပြီး နောက်ဆုံးတွင် ထိုနေရာသို့ လမ်းလျှောက်သွားရန်သာ ဆုံးဖြတ်လိုက်ရတော့၏...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Donde viven las historias. Descúbrelo ahora