ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.2K 184 1
                                    

Chapter 111

ကျိုးဟန်ယွမ်သည်  ကြွားလုံးထုတ်ခံလိုက်ရ‌သောကြောင့် မျက်နှာကြီးရှုံ့မဲ့သွားတော့သည်။ထို့နောက်ဖုန်းကို ချပစ်လိုက်၏။

ဖုန်းချပြီးနောက် တစ်စုံတစ်ခုအား တွေးမိလေသည်။

ကျန်းမင်ယွမ်က ကလေးအမေဖြစ်သူအား စိတ်မဝင်စားဟုပြောခဲ့ဖူးသည်မဟုတ်ပါလော။

ထိုသို့ဖြစ်ပါက ဤကြွားလုံးထုတ်ခြင်းက အဘယ်နည်း။

သူသည်မေးစေ့ကို ကိုင်ထားရင်း လေးလေးနက်နက် တွေး နေမိသည်။

ထို့နောက်စိတ်ဝင်စားစရာ တစ်ခုခုကို အ‌ဖြေရှာတွေ့သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်တော့၏။

ကျန်းမင်ယွမ်က ဖုန်းချပြီးနောက် ကားဂိုဒေါင်မှ ကားကို မောင်းထွက်သွားတော့သည်။

အိမ်အပေါ်ထပ်တွင်ရှိနေသော ရှင်းရှင်းသည်  မတ်တပ်ရပ်ကာ အနက်ရောင် ဆီဒင်ကား မောင်းထွက်သွားသည်ကို ကြည့်လိုက်သည်။

သူ အမေဖြစ်သူအား လှည့်ကြည့်ပြီးပြော၏။ "အဲ့ဒါဖေဖေ့ရဲ့ကား"

" သိတယ်ပေါ့ "  ချန်းဟွမ်က အနည်းငယ် အံ့သြသွားသည်။

ကားမှာထွက်ခွာသွားပြီဖြစ်၏။ရှင်းရှင်းက ပြတင်းပေါက်ဘက်ကိုပြန်လှည့်ကြည့်ပြီး

ခေါင်းညိတ်သည်။ 

"ဟုတ်.... သားသိတယ်"

***

အိမ်ပြန်ရောက်ပြီးနောက် ကျန်းမင်ယွမ် စာကြည့်ခန်းထဲသို့ တန်းတန်းမတ်မတ်လျှောက်သွား၏။

လက်စသတ်စရာအလုပ်များ ကျန်ရှိသေးသည် ။

သူ၏ခန္ဓာကိုယ်သည် အစောပိုင်းကလိုပင် စိတ်လှုပ်ရှားမှုကို ခံစားရဆဲဖြစ်ပြီး ဤအရာက သူ၏အလုပ်တွင် အလွန်ထိရောက်မှုရှိသည်။ ၁၂နာရီအထိ ကြာမည်ဟု ထင်ထားသော်လည်း အလုပ်များက ည ၁၀ နာရီ၌ ပြီးသွား၏။

အချိန်အတော်ကြာအလုပ်လုပ်ရ၍ မျက်လုံးများ ညောင်းညာနေသောကြောင့် မျက်စိစုံမှ်ိတ်ပြီး ထိုင်ခုံပေါ်သို့ မှီချလိုက်တော့သည်။

ဖုန်းက ထပ်မြည်လာသော်လည်း ကျန်းမင်ယွမ်က ဂရုမစိုက်ချေ။

ခဏအကြာတွင် ဖုန်းမြည်သံ ရပ်သွားသော်လည်း နှစ်စက္ကန့်အကြာတွင် ပြန်မြည်လာသည်။

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Место, где живут истории. Откройте их для себя