ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

2.9K 181 2
                                    

Chapter 122

ရှင်းရှင်းက ပန်းကန်ပြားအနားသတ်ကိုဆွဲယူနိုင်ခဲ့သည်။ ခြေဖျားထောက်ထားရသောကြောင့် ရှင်းရှင်းခမျာအနည်းငယ်မောပန်းလာ၏။

လက်နှစ်ဖက်ကို နောက်တစ်ကြိမ်ထုတ်ကာ မီးဖိုခုံပေါ်မှ ပန်းကန်ပြားကို  သယ်မချမီတွင် ရှင်းရှင်းက ခဏတာ အနားယူသည်။ထို့နောက် ခြေဖျားပြန်ထောက်လိုက်သည်။

ပန်းကန်ပြား နှင့် ပန်းကန်ထဲရှိအစားအစာများ၏အလေးချိန်သည် ၄ နှစ်အရွယ် ကလေးအတွက်  လေးလံ၏။

ပန်းကန်ပြားကို မီးဖိုခုံပေါ်မှ ယူလိုက်သည်နှင့်တစ်ပြိုင်နက် ရှင်းရှင်း၏လက်များက တုန်ယင်သွားသောကြောင့် ဟင်းအနှစ်များ ဖိတ်ကျလာသည်။

နောက်ဆုံး၌ ချန်းဟွမ်တစ်ယောက် သတိထားမိသွား၏။လက်ထဲ၌ အိုးအဖုံးကိုကိုင်ထားလျက်ရှိသောချန်းဟွမ်က လှည့်ကြည့်လိုက်သည်။

ထိုအခါ ရင်ဘတ်တစ်ဝိုက်တွင် ဟင်းအနှစ်များပေကျံနေလျက် ပန်းကန်ကိုင်ထားသော သားဖြစ်သူကိုတွေ့လိုက်ရ၏။

" ဘာလုပ်နေတာလဲ " 

ချန်းဟွမ်၏လေသံက မဆိုစလောက်ကလေး မာနေ၏။

အင်္ကျီပေါ်တွင် ဟင်းအနှစ်များစွန်းထင်းပါက အဝတ်လျှော်စက်ပင် မကယ်နိုင်ချေ။ လက်ဖြင့် လျှော်ရမည်ဖြစ်သည်။

ဆောင်းတွင်းဝတ်အထည်ထူထူများကို အချိန်ပေး၍လျှော်ရလေ့ရှိ၏။တွေးကြည့်ရုံဖြင့်ပင် ချန်းဟွမ်၏လက်များထုံကျင်လာသည်။

ရိုက်မှရတော့မည်။စကားနားမထောင်သောကလေးအား ခပ်ဆတ်ဆတ်ကလေး ချပစ်ရမည်။

ရှင်းရှင်းသည် သူ၏ခန္ဓာကိုယ်အောက်ပိုင်းတွင် အန္တရာယ်ကျရောက်တော့မည်ကို နားမလည်ချေ။

ဆန့်ကျင်ဘက်အနေဖြင့် ရှင်းရှင်းသည် တာဝန်ကြီးတစ်ခု ပြီးမြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူက အမေဖြစ်သူကို  သွားသေးသေးလေးများ ပေါ်လာသည်အထိပြုံးပြရင်း " သား ကူညီပေးမယ်လေ မေမေရဲ့ "

ရှင်းရှင်းက အလွန်ပင်ဂုဏ်ယူဝင့်ကြွားနေသည်။

သူက အားအရမ်းမသန်သောကြောင့် ပန်းကန်ပြားတစ်ချပ်သယ်ရန် အလွန်ပင်ရုန်းကန်နေရသည်။

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Donde viven las historias. Descúbrelo ahora