ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.7K 295 0
                                    

Chapter 12
{ သွားကြစို့ - ၁}

ကျန်းမင်ယွမ်တစ်ယောက် သူ့ဘေးမှအမျိုးသားတစ်ယောက်ညွှန်ပြသောနေရာကြည့်လိုက်ချိန်တွင် သူတို့ရှေ့တွင် များပြားလှသောလူအုပ်ကြီးကိုသာ တွေ့လိုက်ရသည်...

" ဘာလဲ... "

" ဟိုးမှာလေကွာ... ကောင်မလေးတစ်ယောက်ဘေးနားက အစိမ်းရောင်ဘောင်းဘီတိုဝတ်ထားတဲ့ ကလေးလေး... မင်းငယ်ငယ်တုန်းက အဲ့လိုပုံစံလေးပဲမလား... "

ကျန်းမင်ယွမ်ဘေးမှအမျိုးသားက ရှင်းရှင်းလေးတို့ရှိသို့ နောက်တစ်ကြိမ်ညွှန်ပြရင်း ပြောလိုက်သည်... သို့သော် သူထပ်ပြလိုက်ချိန်တွင် ရှင်းရှင်းလေးတို့က လူအုပ်ကြားထဲတွင် ပျောက်သွားလေသည်...

" အယ်... ဘယ်ရောက်သွားတာလဲ..." အနှီအမျိုးသားဟာ ထိုသို့ရေရွတ်လိုက်ပြီးနောက် ကျန်းမင်ယွမ်ဘက်သို့ ပြန်လှည့်ကြည့်ကာ...

" CCTVကေန ပြန်ကြည့်မလား မင်ယွမ်... အဲ့ကလေးလေးက မင်းရဲ့ပျောက်ဆုံးနေတဲ့သားလေး ဖြစ်နေရင်ဖြစ်နေမှာပေါ့ ဟားဟားဟား... " ထိုစကားဖြင့် စနောက်လိုက်၏...

ကျန်းမင်ယွမ်ဟာ သူ့ကို လာစနောက်နေသောအမျိုးသားအား တစ်ချက်ကြည့်ပြီးနောက်တွင် ဘာမျှထပ်မပြောတော့ဘဲ တစ်ခြားတစ်ဖက်သို့ လှည့်ထွက်သွားလေသည်...
~~~~

တစ်ဖက်ရှိချန်းဟွမ်က သူမတို့ ဇာတ်လိုက်ဘေးမှ ဖြတ်လျှောက်လာမိသည်ကို သတိမထားမိပါချေ... သူမ ရှင်းရှင်းလေးအတွက် အဝတ်အစားဝယ်ရန် ကလေးပစ္စည်းဆိုင်ထဲသို့ ဝင်လာခဲ့ပြီး အေးအေးဆေးဆေး အဝတ်အစားရွေးနေခဲ့သေး၏...

အသက်၄နှစ်အရွယ်ရှိပြီဖြစ်သော ရှင်းရှင်းလေးတွင် သူနှစ်သက်သောအဝတ်အစားပုံစံမျိုးရှိပြီးသားပင်... သို့သော်ကံမကောင်းစွာပဲ ကလေးလေးနှစ်သက်သောဖက်ရှင်မျိုးက အဘိုးအိုပေါက်စလေးပုံစံဖြင့် တူနေလေ၏... ထို့ကြောင့် ချန်းဟွမ်က ကလေးအတွက် သူမကိုယ်တိုင်သာ ရွေးချယ်နေခြင်းဖြစ်၏...

အဆင်ပြေသည်က ရှင်းရှင်းလေးက သူလိုချင်တာကို မရေသာအခါ ငိုယိုကာသောင်းကျန်းတတ်သောကလေး မဟုတ်ခြင်းပင်... သူရွေးလာသောအင်္ကျီလေးကို သူ့အမေက မဝယ်တဲ့အခါ နှုတ်ခမ်းသာဆူပြတတ်လေသည်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Donde viven las historias. Descúbrelo ahora