ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.2K 207 0
                                    

Chapter 40

{ Liveလွှင့်ခြင်း - ၁ }

ရှုချူသည် ချန်နန်နှင့် ဖုန်းပြောခဲ့ပြီးနောက် မည်သူ့ကိုမှ မခေါ်တော့ပဲ သူကိုယ်တိုင်ပင် ညေစ်းသို့ လျှောက်လာလိုက်သည်..

ညဈေးတွင် အစားအသောက်မျိုးစုံတို့၏မွှေးရနံ့များက လာရောက်လည်ပတ်သူများရဲ့အစား စားချင်စိတ်ကို လှုပ်နိုးလို့နေချေ၏...

သို့သော် ရှုချူတစ်ယောက်ကတော့ တခြားသောအစားအသောက်များရဲ့သွေးဆောင်ဖြားယောင်မှုအားလုံးကို လျစ်လျူရှုထားခဲ့ကာ ညဈေးရှိထောင့်ပိုင်းတစ်နေရာသို့သာ ဦးတည်လျှောက်လှမ်းလို့နေပေသည်...

ညေစ်းရွိ အလယ်ပိုင်းနေရာအများစုတွင် အသားကင်ဆိုင်နှင့် ထမင်းကြော်ဆိုင်များနှင့် ပြည့်နှက်လို့နေလေ၏...

ရှုချူတစ်ယောက် ထိုနေရာသို့ လျှောက်လာချိန်တွင် လူများပြည့်နေသောနေရာသို့ နီးကပ်လာလေသည်..

ထိုစဉ် အဝေးတစ်နေရာတွင် မီးထွန်းထားသောဆိုင်းဘုတ်လေးကို မြင်လိုက်ချိန်တွင် သူ့မျက်လုံးများ တောက်ပလာခဲ့ကာ ခြေလှမ်းတို့လည်း အရှိန်မြင့်လာလေတော့သည်...

ကြီးကြီးမားမားမဟုတ်လှပါသောမိုးကာထိုးဆိုင်လေးထဲ၌ လူများပြည့်နှက်လို့နေတာကြောင့် အိတ်ဇောတပ်ပန်ကာငယ်လေးမှာ အပြင်းအထန် အလုပ်လုပ်နေရချေသည်...

ထိုစဉ် ပူပြင်းလှသောမီးဖိုရှေ့တွင် အမျိုးသမီးငယ်တစ်ဦးဟာ ဘာဘီကျူးများပေါ်တွင် ဆီအနည်းငယ်လိုက်သုတ်နေလေ၏...သူမက ဟင်းခတ်အမွှေးအကြိုင်များကို ကျွမ်းကျင်စွာ ဖြန်းပေးပြီးနောက်တွင် သူမ ဘေးနားရှိ ပန်းကန်ပြားတစ်ချပ်ထဲသို့ ဘာဘီကျူးများကို ထည့်ပေးလိုက်ကာ စားပြဲထိုးကို ပေးလိုက်လေသည်..

ရှုချူ သူမကို အရင်က မြင်ဖူးခဲ့ပေမယ့် လည်း သူမကို မြင်လိုက်ရလေတိုင်း သူ့နှလုံးသားလေး အခုန်မြန်သွားတတ်ဆဲပင်...

ဒီနေရာရှိညဈေးတွင် ဆိုင်ဖွင့်ကြသူများသည် အနည်းဆုံးအသက်၃၀နှင့်အထက်များဖြစ်ကြလေသည်... သူမကဲ့သို့ ငယ်ရွယ်သောအမျိုးသမီးမျိုး ဒီနေရာတွင် ဆိုင်ဖွင့်သည်ကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်ပေတယ်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Donde viven las historias. Descúbrelo ahora