ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3K 208 1
                                    

Chapter 30

{ ပထမရက် - ၂ }

ချန်းဟွမ်ဟာ ပါကျဲပေါက်လေးဟာ ငုံ့ကြည့်ကာ ပါးဖောင်းဖောင်းလေးအား ခပ်ဖွဖွဆွဲလိုက်ရင်း ပြုံးလိုက်ပြီး " အန္တီဂူက လူကြီးဖြစ်နေပြီလေ... လူကြီးတွေက စားလည်း ဘာမှမဖြစ်တော့ဘူး... "

ရှင်းရှင်းလေး နှုတ်ခမ်းလေး ဆူလိုက်ရင်း " ဘာဖြစ်လို့လဲ...? "

အရွယ်ရောက်ပြီးသားလူကြီးတွေက ခန္ဓာကိုယ် ဆက်ပြီးမကြီးလာတော့ဘူးလေ..."

အမေဖြစ်သူရဲ့ရှင်းလင်းချက်ကို နားထောင်ပြီးနောက်တွင် ကလေးလေးသည် အောက်ပြန်ငုံ့သွားကာ တစ္ခုခုကို လေးလေးနက်နက်တွေးသွားခဲ့ပုံပင်... ခေတ္တအကြာတွင်တော့ " မမ ရှောင်ချင်းလည်း ကလေးပဲလေ... သူက ဘာလို့ စားလို့ရတာလဲ... "

အိမ်နီးချင်းလင်မယားရဲ့သမီးဖြစ်တဲ့ရှောင်ချင်းက အသက် ၁၁နှစ်ရှိပြီဖြစ်ပြီး အရပ်မှာ ၁.၆မီတာ(၅ပေ၂လက်မခန့်) နီးပါးရှိနေပြီဖြစ်၏...

ရှင်းရှင်းလေးက ထိုကေလးမေလး ဘာဘီကျူးစားနေသည်ကို သေချာတွေ့လိုက်ပေသည်

" မမ ရှောင်ချင်းက ကလေးကြီးဖြစ်နေပြီလေ... သားက အခု သေးသေးလေးပဲရှိသေးတယ်..."

ချန်းဟွမ်က ထိုသို့ဆိုပြီးနောက် ကလေးလေးရဲ့ဖောင်းကားနေသောပါးလုံးလုံးလေးကို အနည်းငယ် ညှစ်လိုက်ကာ  သားသားက မမ ရှောင်ချင်းလို အရပ်ရှည်သွားတဲ့အခါကြရင် အများကြီးစားလို့ ရပြီနော်... "

ကလေးလေးက သူ ရှောင်ချင်းထက် အများကြီးအရပ်မပုဘူးဟု ခံစားမိသည်ကြောင့် သူ့အမေအား ခေါင်းပြန်ညိမ့်ပြလိုက်သည်

" မေမေ မသိလိုက်ခင်မှာပဲ သားက မမထက် ပိုအရပ်ရှည်မှာ မေမေ စောင့်ကြည်နေလိုက်တော့... "

~~~~

ပေါက်စီလုံးလေး သည် ထိုနေ့မှစကာ ရှောင်ချင်းလေးထက် အရပ်ပိုရှည်ဖို့ရာ အာရုံစိုက်နေလေတော့သည်...

ချန်းဟွမ်က အိမ်ထဲတွင် အရပ်တိုင်းသည့်ဇယားတစ်ခုထားပေးထားရာ ပေါက်စီလုံးလေးသည် မကြာခဏဆိုသလို သူ့အရပ်ကို သွားတိုင်းနေတတ်သည်... ကလေးလေးသည် သူဘယ်နခါပဲတိုင်းတိုင်း အရပ်ရှည်မလာသည်ကို သတိထားမိလာလေ၏... တစ်ခါတစ်ရံတွင် အရင်ကထက်ပင် ပိုပုသွားသလိုပင်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now