ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.2K 201 0
                                    

Chapter 36

{ ကျောင်းစတက်ခြင်း - ၃ }

ကေလးလေးသည် သူ့ဘေးတွင် အော်ဟစ်ငိုကြွေးနေသောကလေးလေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် အေမျဖစ္သူဘက္သို့ အမြန်လှည့်လိုက်ကာ ချန်းဟွမ်၏ပခုံးပေါ်တွင် သူ့မျက်နှာကို မြှုပ်ထားလိုက်လေသည်... ထို့နောက်တွင်တော့ ချစ်စရာကောင်းသောအသံလေးဖြင့် " မေမေ... ဒီနေ့ သား ကျောင်းမတက်လို့ မရဘူးလားဟင် "ဟု သနားစဖွယ် မေးမြန်းလာလေတော့၏...

ကျောင်းမတက်လျှင် ပိုက်ဆံရှာနိုင်မည်မဟုတ်ဟု အေမျဖစ္သူက ပြောထားသောကြောင့် ကျောင်းမှာလည်း မတက်လို့မရဘူးဆိုသည်ကို သူ သိပြီးသားပင်... အခုချိန်တွင် သူ့ဘေးပတ်ဝန်းကျင်ရှိ အော်ဟစ်ငိုကြွေးနေကြသောကလေးပေါက်စလေးများကြောင့် အနည်းငယ် ကြောက်ရွံ့မိနေခြင်းသာ...

ပေါက်စီလုံးလေးသည် သင်ယူလိုစိတ်ပြင်းပြလှသည့်လိမ္မာသောကလေးတစ်ယောက်ပင်... ခေတ္တအကြာတွင် ကလေးလေး ခေါင်းပြန်မော့ကြည့်လာခဲ့ကာ ချန်းဟွမ်ရဲ့ပါးကို နမ်းလိုက်ပြီး " အိမ်ပြန်ကြရအောင် မေမေ " ဟုဆိုလာပြန်သည်...

" မရဘူး... "

ချန်းဟွမ် သူမအား တွယ်ကပ်နေသောပေါက်စီလုံးလေးကို မြေပြင်သို့ အမြန်ချပေးလိုက်သည်

...  ဆရာမေတြက အချိန်မှန်ကျောင်းတက်တဲ့ကလေးတွေကို ပိုချစ်ကြတယ်... ပြီးတော့ ဒီနေ့ ကျောင်းစတက်မယ်လို့ မေမေနဲ့သားနဲ့သဘောတူပြီးသားလေ... သား နောက်ကျသွားရင် လိမ္မာတဲ့ကလေးလေး မဖြစ်ဘဲနေလိမ့်မယ် 

ရှင်းရှင်းလေးက စိတ်ပျက်လက်ပျက်ဖြင့် " ဒါပေမယ့် ဒီနေ့ကျောင်းစတက်ရမယ်ဆိုတာ မေမေပြောခဲ့တာလေ... သားပြောတာမှ မဟုတ္တာ..."

" ဟုတ်ပါတယ် မေမေပြောခဲ့တာပါ... အခုသားသားက ကျောင်းမတက်ဘူးဆိုတော့ မေမေ့ကို ကတိဖျက်တတ်တဲ့လူဆိုးမကြီးဖြစ်အောင် လုပ်နေတာနဲ့တူတူပဲလေ... သားက မေမေကို လူဆိုးမကြီး ဖြစ်စေချင်နေတာလား... "

ချန်းဟွမ် ထိုသို့ဆိုရင်း ချက်ချင်းပင် ဝမ်းနည်းနသောအကြည့်ဖြင့် ကြည့်လိုက်သည်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now