ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3K 177 0
                                    

Chapter 124

ဖုန်းတစ်ဖက်၌ အချိန်တစ်ခုအထိ တိတ်ဆိတ်နေခဲ့သည်။နောက်ဆုံးတွင် ကျန်းမင်ယွမ် တုံ့ပြန်သံတစ်ခုကိုကြားလိုက်ရတော့၏။

  “ မဟုတ်ဘူး...ရှင်အတွေးလွန်နေပြီ "

ချန်းဟွမ်၏လေသံက တစ်ခုခုကို ဖုံးကွယ်ရန်ကြိုးစားနေသလိုပင်။ သူမက ချက်ချင်း သမ်းဝေလိုက်ပြီးပြောသည်။

“ကျွန်မ ပင်ပန်းနေပြီ နောက်မှပြောရအောင် "

“ ခဏလေး‌... "  ကျန်းမင်ယွမ်က ချန်းဟွမ်ကို ဟန့်တားသည်။

  “ တစ်ခုတောင်းဆိုချင်တယ်... မင်းရဲ့အိမ်မှာ ငါ့အဝတ်အစားနည်းနည်းပါးပါး ထားလို့ရမလား"

“မရပါဘူး...” ချန်းဟွမ်က မစဉ်းစားဘဲ ချက်ချင်း ငြင်းပစ်လိုက်သည်။

တစ်ဖက်အမျိုးသားက ငြင်းပယ်ခံရခြင်းကို အရှက်ရပုံမပေါ်‌ချေ။  သူကဆက်ပြောသည်။

“ငါက ကလေးအဖေဆိုတော့ လိုရမယ်ရပေါ့...  အဲ့နေ့ကလို အခြေအနေမျိုး ထပ်ဖြစ်လာနိုင်တယ်လေ... မင်းအိမ်မှာ အဝတ်အစားဘာညာလဲရတာ ပိုသက်သာသွားတာပေါ့... စိတ်မပူပါနဲ့..အများကြီးမထားပါဘူး....နေရာသိပ်မယူဘူး "

ကျန်းမင်ယွမ်၏စကားများက အဓိပ္ပာယ်ရှိသော်လည်း

ချန်းဟွမ်က ထိုအကြံကို လက်မခံချင်ပေ။

  "မနေ့က တစ်စုံယူလာပြီးပြီမဟုတ်ဘူးလား "

" ကုတ်အင်္ကျီနဲ့ ဖိနပ်အပါးတစ်ရံကျန်သေးတယ် " ကျန်းမင်ယွမ်က ပြာပြာယာယာပြောသည်။ 

  “နောက်တစ်ခါ လာလည်တဲ့အချိန်ကျ ယူလာလို့ရမလား"

"ဖိနပ်ယူလာစရာ မလိုဘူး" 

အနည်းငယ်အကဲပိုလွန်းသည်ဟု ချန်းဟွမ်ခံစားရ၏။

  “ကျွန်မဝယ်ထားလို့ရတယ်... ရှင့်ဆိုဒ်က ဘယ်လောက်လဲ"

“ဒါဆိုလည်း ကြိုပြီး ကျေးဇူးတင်တယ်နော်” 

ကျန်းမင်ယွမ်၏လေသံက ရွှင်မြူးနေ၏။

" ငါ့ဖိနပ်ဆိုဒ်က ၄၃ "

***

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now