ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.2K 204 0
                                    

Chapter 105

{ ရှင်းရှင်းရဲ့ဖေဖေက ရှင်းရှင်းကို အများကြီး ချစ်ပါတယ် - ၁ }

ချန်းဟွမ် အသုံးပြုသောသိုးသားများသည် အမျိုးအစားကောင်းများထဲမှသာ ဖြစ်သည်... ပုံမှန်အားဖြင့် သိုးသားမှ အီသောအရသာရှိသောငြား ထိုသိုးသားမှာတော့ လတ်ဆတ်နူးညံ့သည့်အပြင် အရသာလည်း ရှိလွန်း၏... သို့သော်လည်း ထိုအသားသည်သာမန်အသားထက်တော့ ပို၍စျေးကြီးပေသည်...

ကျိုးဟန်ယွမ်သည် သိုးကျောရိုးဟော့ပေါ့ တစ်ပွဲလုံးကို တစ်ယောက်တည်း စားလိုက်ရခြင်းဖြစ်သော်လည်း သူ့အတွက် မတင်းတိမ်သေးတာကြောင့် ဒုတိယတစ်ပွဲ ထပ်မှာယူလိုက်ပေသည်...

ထို့နောက် ကျန်းမင်ယွမ်ကို တစ်ဖန်ပြန်ကြည့်လိုက်ပြီး စကားစလာပြန်၏..." မင်းကောင်မလေးရဲ့အချက်အပြုတ်လက်ရာက  တော်တော်ကောင်းတာပဲ... "

ထိုအခါတွင် ကျန်းမင်ယွမ်သည် စားလက်စကို ရပ်လိုက်ပြီး " သူက ငါ့ကောင်မလေး မဟုတ်ဘူး... "ဟု ပြန်ပြောရသေးသည်...

ထို့နောက်တွင်တော့  မှိုတစ်ပိုင်းကို ခပ်ယူပြီး ပန်းကန်လုံးအတွင်း ထည့်လိုက်ရင်း " သူ့နာမည်က ချန်းဟွမ်... နာမည်ကို ထည့်သုံး... "

" ဟုတ်ပါပြီ... ဟုတ်ပါပြီ... ငါထပ်မပြောတော့ပါဘူး..." ကျိုးဟန်ယွမ်သည် အစအနောက်သန်သော်လည်း ဘယ်ချိန်တွင် စနောက်ခြင်းကို ရပ်သင့်ကြောင်း သိသူပင်... ပြီးနောက်တွင်တော့  သူ့ဘီယာဘူးကိုဖွင့်ကာ " သောက်ကြစို့ " ဟုဆိုလိုက်သည်...

ကျိုးဟန်ယွမ်တစ်ယောက် ဘီယာသောက်နေစဥ်တွင် ကျန်းမင်ယွမ်ကတော့ ရေကိုသာ သောက်နေခဲ့ပေသည်....သူ့ဆီတွင် အလုပ်တာဝန်များရှိသေးသည်ကြောင်လ အရက်မသောက်ခြင်းပင်...

ကျိုးဟန်ယွမ်မှာယူထားသော၏ဒုတိယမြောက်သိုးကျောရိုးဟော့ပေါ့  မရောက်လာခင်တွင် သူတို့၂ဦး စကားစမြည်ပြောနေလိုက်၏..

ခေတ္တအကြာတွင်တော့ ကျန်းမင်ယွမ်နှင့် ချွတ်စွပ်တူသောကောင်လေးတစ်ယောက်သည် ဟော့ပေါ့အိုးလေးနှင့် အတူ ကျန်းမင်ယွမ်တို့စားပွဲသို့ ရောကလာခဲ့လေသည်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now