ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.4K 220 0
                                    

Chapter 86

{ ကလေးအတွက် လျော်ကြေးလား? ကလေးကို ပြန်ခေါ်မလို့လား? - ၄ }

ချန်းဟွမ်သည် သူမ ခေါင်းပေါ်သို့ တောင်တစ်လုံး တင်ထားရသလို အတွေးတို့ဖြင့် လေးလံလို့နေ၏... သူမသည် အိမ်ပြန်လမ်းတစ်လျှောက်လုံး ဘာစကားမျှထပ်မပြောနိုင်တော့သည့်အထိ ဆွံ့အနေမိသည်... အိမ်သို့ ပြန်ရောက်ချိန်မှသာ အနည်းငယ် စိတ်ဖြေလျှော့နိုင်သည် ... လက်ရှိတွင်တော့ ချန်းဟွမ်ဟာ ဖြစ်ပျက်ခဲ့သမျှကို အစမှ အသေအချာပြန်စဥ်းစားနေတော့သည်...

ပထမဆုံးအနေနဲ့ စဥ်းစားရမည်က ဇာတ်လိုက်က သူ့ဆီတွင် သားတစ်ယောက်ရှိနေသည်ကို မည်သို့ သိရှိသွားခဲ့ခြင်းပင်...

ရှင်းရှင်းလေးနှင့်ဇာတ်လိုက်တို့က နှုတ်ဆက်ဖို့အထိ ရင်းနှီးနေသည်ကို ကြည့်ပါက ယခုအကြိမ်သည် ၎င်းတို့၂ဦး၏ပထမအကြိမ်တွေ့ဆုံခြင်း မဖြစ်နိုင်ပါလေ... နောက်ဆုံးတွင်တော့ သူမဟာ ရှင်းရှင်းလေးကို တိုက်ရိုက်မေးရန်သာ ဆုံးဖြတ်လိုက်ရတော့သည်...

" ကျောင်းပိတ်ရက်တုန်းက စတွေ့ခဲ့တာ မေမေ "

ရှင်းရှင်းလေးသည်  မိခင်ဖြစ်သူက မေးလာချိန်တွင် တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေရှာ၏... ကလေးလေးသည် ထိုအမျိုးသားနှင့်ပတ်သက်ပြီး တော်တော်များများကို ပြောပြသေးသည်...

" အဲ့ဦးလေးကြီးက အရမ်းချောတယ်... ပြီးတော့ ဉာဏ်စမ်းကုဗတုံးကို ခဏလေး ဖြေရှင်းနိုင်တာ... "

ချန်းဟွမ်သည် ဉာဏ်စမ်းကုဗတုံးဆိုသောစကားကို ကြားလိုက်ချိန်တွင် ရှင်းရှင်းလေး ခဏခဏပြောပြခဲ့ဖူးသောရုပ်ချောသည်ဆိုသောအမျိုးသားအကြောင်းကို သတိရသွားတော့၏... ထိုစဥ်တုန်းက သူမသည် ထိုအမျိုးသားကို ကလေးပြန်ပေးဆွဲသမားဟု သံသယရှိတာကြောင့် ရှင်းရှင်းလေးအား သူမ အနားတွင်သာတွင်သာ ဆော့ကစားစေခဲ့ပေတယ်... ဤသို့ဖြင့် နောက်ပိုင်းတွင်တော့ အမျိုးသား၏အရိပ်အယောင်ကို မတွေ့ရတော့ချေ...

လက်ရှိတွင် အောက်တိုဘာလကုန်ပြီဖြစ်ကာ ရှင်းရှင်းလေး ပြောပြသလို အပြည်ပြည်ဆိုင်ရာကျောင်းပိတ်ရက်အတွင်းတွင် ဇာတ်လိုက်နှင့် တွေ့ခဲ့သည်မှာ မှန်ပါလျှင် ဇာတ်လိုက်သည် သူ့ဆီ၌ သားတစ်ယောက်ရှိကြောင်း သိရှိသွားသည်မှာ အနည်းဆုံး ၂ပတ်ကျော်ခန့်ရှိနေလောက်ပြီပင်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Tahanan ng mga kuwento. Tumuklas ngayon