ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.5K 215 0
                                    

Chapter 60

{ လမုန့် - ၂ }

ချန်းဟွမ်က ကြွပ်ရွသောအလွှာအတွက်ပြင်ထားသောဂျုံကို နူးညံ့သောအလွှာအတွက် ပြင်ထားသောဂျုံတို့ပေါ်တွင် ထပ်လိုက်ပြီးနောက် အသားအစာသွတ်ကို အအေးခံထားလိုက်သည်...

အလွှာနှစ်လွှာကို ထပ်ရာတွင် ပမာဏမျှတနေရန်လည်း လိုအပ်သေး၏... အလွှာနှစ်လွှာကို သေချာထပ်ပြီးနောက်တွင်တော့ ဒလိမ့်တုံးဖြင့် လိမ့်ပေးရသည်... ထို့နောက် သုံးခေါက်,ခေါက်လိုက်ကာ နောက်တစ်ကြိမ် ထပ်လိမ့်ပေးရပြန်သည်...

ချန်းဟွမ် ဒလိမ့်တုံး လိမ့်ရချိန်တွင် အားသုံးရသည်သာမက ခန္ဓာကိုယ်လည်း လှုပ်ရသောကြောင့်  တခဏမျှအကြာတွင် ချွေးများ ထွက်လာလေသည်... သူမ အားကုန်သွားတဲ့အခါ ခဏနားလိုက်ရင်း သူမအား ကြည့်နေသောသားဖြစ်သူကို လှည့်ကြည့်လိုက်ကာ ပြောလိုက်သည်

" ပင်ပန်းလိုက်တာ သားသားရယ်..."

ကလေးလေးသည် သူမရှိရာသို့ အသည်းအသန်လျှောက်လာခဲ့ပြီး " မေမေ ပင်ပန်းနေရင် ခဏနားလိုက်တော့နော်... "

" မေမေက နားဖို့ မလိုပါဘူး... "

သူမ ပြန်ဖြေရင်း ကလေး၏နှာဖျားလေးကို တို့လိုက်တာကြောင့် ကလေးလေး၏နှာဖျားလေးတွင် ဂျုံမှုန့်ဖြူတို့ပေသွားခဲ့လေသည်...

" မေမေ့ရဲ့သားလေးဆီက အာဘွားတစ်ချက်ပဲ လိုတာ "

နှာဖျားဖြူနေသော ပါကျဲပေါက်လုံးလုံးလေးသည် တုံ့ဆိုင်းမနေပါဘဲ ခေါင်းအကြိမ်ကြိမ်ညိမ့်ပြလာသည်

..

" မေမေ... ခေါင်းနည်းနည်းငုံ့ပေးလေ... "

သူမ ခေါင်းငုံ့ပေးလိုက်သည်နှင့် ကလေးက ခြေဖျားလေး ထောက်ကာ ပါးကို အာဘွားပေးလိုက်ရာ ကလေးလေး၏နှာဖျားမှ ဂျုံမှုန့်တို့က ချန်းဟွမ်၏ပါးပြင်တွင် ပေသွားပြန်သည်...

ချန်းဟွမ်သည် သူမ ပြင်ဆင်နေသောဂျုံဟာ လိုအပ်သောအနေအထားသို့ ရောက်သွားချိန်တွင် လက်သုံးလုံးစာ အလုံးလေးများအဖြစ် ပြန်လုံးလိုက်ပြီးနောက် အနည်းငယ် ပြန်လိမ့်ကာ အလယ်တွင် အစာသွတ်ခြင်းကို စတင်လိုက်သည်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Onde histórias criam vida. Descubra agora