ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

4.3K 306 1
                                    

Chapter 5
{၀တၳုထဲသို့ ကူးပြောင်းလာခြင်း - ၃ }

ချန်းဟွမ် ရှင်းချန်လေးအား အိပ်ရာပေါ်တွင်တင်ကာ ခေါင်းခြောက်အောင်သုတ်ပေးပြီးချိန်နောက် ကလေးလေး၏ပါးကို အသာအယာညှစ်လိုက်ရင်း " ဒီမွာ ခဏနေခဲ့နော် ရှင်းရှင်းလေး... မေမေ ညစာသွားပြင်လိုက်အုံးမယ်... "

ကလေးလေးသည် သူ့အမေရဲ့စကားကို နားထောင်ပြီးနောက် မျက်ဝန်းတို့ တောက်ပလာခဲ့ကာ " သားက ရှင်းရှင်းလား.... "

မူလပိုင်ရှင်သည် ကလေးရဲ့နာမည်ကို ခေါ်ခဲပြီး အမြဲတမ်း " ဟဲ့ကောင်၊ နင် " စသောအခေါ်အဝေါ်တို့သာ သုံးခဲ့လေတယ်...

လက်ရှိချန်းဟွမ်ကတော့ မူလပိုင်ရှင်ကဲ့သို့ ကေလးအား " ဟဲ့ကောင်၊ နင် " စသည့်အခေါ်အဝေါ်များ မသုံးရန် ဆုံးဖြတ်ထားချေ၏...

" ဟုတ်တာပေါ့... သားက ရှင်းရှင်းလေး... " ချန်းဟွမ်က ပြုံးလျက်ဖြင့် ပြန်ဖြေလိုက်၏...

သူမစကားကြောင့် စိတ်လှုပ်ရှားပျော်ရွှင်သွားသောကလေးလေးကို ကြည့်ရင်း သူမရဲ့တကယ့်ဘ၀မှတူမလေးကို သတိရမိသွားလေသည်... ထိုကလေးမလေးသည် ရှင်းရှင်းလေးနှင့် ရွယ်တူဖြစ်ကာ အိမ်တွင်ဗိုလ်လုပ်တတ်နေသောကလေးမလေးဖြစ်၏... သို့သော် ရှင်းရှင်းလေးမှာတော့ အိမ်ခေါ်နာမည်လေးတစ်ခု ရလိုက်သည်ကို အတော်လေးပျော်နေသည်..

ကလေးလေးက နောက်ထပ်သတ္တိမွေးရင်း အမေဖြစ်သူရဲ့ခါးကိုဖက်လိုက်ပြီး " မေမေ သားက ရှင်းရှင်း..."

" Omm... ဟုတ်တယ်... သားက ရှင်းရှင်း... " ချန်းဝှမ်သည် ကလေးရဲ့ခေါင်းလေးနှင့် သူမကို ဖက်ထားသောလက်လေးကို ခပ်ဖွဖွပုတ်ပေးလိုက်ရင်း ထိုသို့ပြန်ပြောလိုက်လေ၏...

" အခု မေမေ ညစာသွားပြင်လိုက်အုံးမယ်နော်... ရှင်းရှင်းလေး ဗိုက်ဆာနေပြီမလား... "

ကဘေးလေးက သူ့ရဲ့ဗိုက်လုံးလုံးလေးအား ပွတ်ပြရင်း ခေါင်းတညိမ့်ညိမ့် လုပ်ပြလေသည်... ထို့နောက်တွင်တော့ ကလေးလေးသည် အေမျဖစ္သူကို ပြန်လွှတ်ပေးလိုက်ပြီး ရေချိုးခန်းသုံးပုဝါအား ခေါင်းအထိခြုံလိုက်ပြီး အိပ်ယာပေါ်၌ လှိမ့်နေတော့သည်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Opowieści tętniące życiem. Odkryj je teraz