Chapter 89
Chapter 89January 17, 2023
{ မစ္စချန်း... ကျွန်တော်တို့ အေးဆေးစကားပြောလို့ ရမလား - ၃ }ချန်းဟွမ်သည် ရှင်းရှင်းလေးဘက်မှ နောက်ထပ်ပန်ကိတ်ထပ်တောင်းပါက လုံးဝမပေးတော့ဖို့ ဆုံးဖြတ်ချက်ချထားချိန်တွင် ရှင်းရှင်လေးဆီမှ ဗိုက်ပြည့်ပြီ ဟူသောစကားကို ကြားလိုက်ရသည်... ရှင်းရှင်းလေးက အလွန်အကျွံစားခဲ့ခြင်းဖြစ်တာကြောင့် သူမသည် ကလေးလေးအား အစာချေဆေးလုံးသောက်ခိုင်းထားရ၏...
" ဒါလေး သောက်လိုက် ဒါက သားဗိုက်ထဲက အစားအသောက်တွေကို မြန်မြန်ချေပေးလိမ့်မယ်... ပြီးရင် ဟိုဘက်နားမှာ ခဏသွားရပ်နေအုံးနော်..."
" ဟုတ် " ကလေးလေးသည် ဗိုက်တင်းလွန်းနေကက ခုန်ပေါက်ဖို့ပင် အင်အားမရှိမျိုးမရှိတဲ့အတွက် မိခင်ဖြစ်သူပြောသည့်အတိုင်း တစ်ဖက်တွင် သွားရပ်နေလိုက်သည်...
ယခုတွင် ပေါက်စီလုံးလေးစားပြီးသွားပြီဖြစ်တာကြောင့် အိုးထဲတွင် ကျန်နေသေးသောယာဂုနှင့် ပန်းကန်ထဲမှပန်ကိတ်တချို့ဟာ ချန်းဟွမ်အတွက် ညစာဖြစ်ခဲ့လေပြီ...
သူမ ညစာစားနေစဥ်တွင် ရှင်းရှင်းလေးဟာ သူမအား လှမ်းကြည့်ရင်း သရေကျလို့နေပြန်တယ်...
" ဘာတွေစားနေတာလဲ မေမေ " ကလေးလေးသည် လှမ်းမျှော်ကြည့်ရင်း ထိုသို့ဆိုပြီးနောက် " သားလည်း စားချင်တယ် " ဟုပြောလာသေးသည်...
" ရှင်းရှင်း ထပ်မစားရတော့ဘူး "
ချန်းဟွမ် ရှင်းရှင်းလေးဘက်သို့ လှည့်မကြည့်ပဲ ပြောလိုက်သည်
... " စားပြီးသား အစာအသောက်တွေ အရင်ဆုံး အစာကြေအောင် စောင့်ရအုံးမယ်..."
" သား တကယ် ထပ်စားနိုင်ပါသေးတယ်... "
" ထပ်စားလို့မရဘူး... " ထို့နောက် သူမဟာ ရှင်းရှင်းအား လှည့်ကြည့်ကာ
" မေမေက မစားရဘူးဆို မစားရဘူးဘဲ ရှင်းရှင်း! "
ကလေးလေးင နှုတ်ခမ်းလေး ဆူရင်း မိခင်ဖြစ်သူ အနားသို့ လျှောက်လာချိန်တွင် အအော်လိုက်ခံလိုက်ရတာကြောင့် ရှေ့သို့ ဆက်မတိုးလာရဲတော့ပေ...
ŞİMDİ OKUDUĞUN
ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
RomantizmThe Villainess Female Supporting Character raising her bun