ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.1K 205 1
                                    

Chapter 29
{ ပထမရက် - ၁ }

" အရမ်းကောင်းတာပဲ "

အိမ်နီးချင်းအမျိုးသမီးဟာ ဘာဘီကျူးအရသာကို ပြန်လည် တွေးဆရင်း ချန်းဟွမ်အားလက်မထောင်ပြလိုက်သည်..

." ဒီလောက်ကောင်းတဲ့ဘာဘီကျူးမျိုး တစ္ခုမွ မစားခဲ့ဖူးဘူး... ဒါနဲ့ ဆိုင်က ဘယ်တော့ဖွင့်မှာလဲဟင်... ကျွန်မ လာအားပေးမလို့ပါ... "

" မကြာခင် ဖွင့်တော့မှာပါ... "

ချန်းဟွမ်က အိမ်နီးချင်းအမျိုးသမီးက သူမရဲ့ဟင်းချက်စွမ်းရည်ကို ထောက်ခံလိုက်သောကြောင့် ပျော်ရွှင်သွားမိသည်... ထို့နောက် သူမအတွက်ဘာဘီကျူးတစ်ချောင်းချန်ထားလိုက်ပြီး ကျန်ဘာဘီကျူးများကို အိမ်နီးချင်းအမျိုးသမီးဆီသို့ ပေးလိုက်၏...

အိမ်နီးချင်းအမျိုးသမီးက ငြင်းဆိုရန် ကြိုးစားသော်လည်း ချန်းဟွမ်မှအတင်းပေးသောကြောင့် လက်ခံလိုက်တော့သည်... ထိုအမျိုးသမီးဟာ သမီးဖြစ်သူအား ဘာဘီကျူးနှစ်ချောင်းပေးလိုက်သည်... ထို့နောက် ချန်းဟွမ်ဘေးနား၌ ရပ်နေရင်း သရေကျနေသောပါကျဲပေါက်လေးကို တစ်ချက်ကြည့်လိုက်သည်...

" ရှင်းရှင်းလေးရော စားချင်လို့လား... "

သူမ ကေလးထံ ဘာဘီကျူးတစ်ချောင်း လှမ်းပေးလိုက်သည်..

ပါကျဲပေါက်လေးသည် ဘာဘီကျူးကို တော်တော်လေး စားချင်နေသော်ငြား အိမ်နီးချင်းအမျိုးသမီးပေးသည်ို ချက်ချင်း မယူပါဘဲ အေမျဖစ္သူကို အရင်ဆုံး လှည့်ကြည့်လိုက်သည်...

" ကျွန်မ သူ့အတွက် တစ်ချောင်း ချန်ထားပြီးသားပါ... အစ္မဆီကဟာကို ပေးဖို့မလိုပါဘူး... "

ချန်းဟွမ်က အိမ်နီးချင်းအမျိုးသမီးအားပြောလိုက်ပြီးနောက် သူမဘေးတွင် ရပ်နေသောပါကျဲပေါက်လေးကို သိမ်းထားသည့်ဘာဘီကျူးတစ်ချောင်း ပေးလိုက်သည်။.

ချန်းဟွမ်က ရှင်းရှင်းလေးအတွက် သီးသန့်ချန်ထားသောဘာဘီကျူးတွင် အစပ်လျှော့ထည့်ထားသည်

အရသာက သိပ်မစပ်သော်လည်း အသားကို နာရီဝက်လောက် နှပ်ထားခဲ့သည်ကြောင့် အရသာရှိနေဆဲပင်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Место, где живут истории. Откройте их для себя