ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.3K 230 0
                                    

Chapter 24
{ သားဖေဖေက လေပေါ်ပျံတက်သွားတယ် - ၂ }

" ဒါဆို သား အသက်မကြီးချင်ဘူး... သားက မေမေနဲ့ပဲ အမြဲတူတူအိပ်ချင်တာ... "

ပေါက်စီလုံးလေးက အေမျဖစ္သူရဲ့ပါးကို ခပ်ဖွဖွနမ်းလိုက်ပြီး ချွဲလိုက်သည်...

ချန်းဟွမ် ပေါက်စီလုံးလေး၏စကားကို နားထောင်လိုက်ပြီးနောက်တွင် နူးညံ့စွာဖြင့်သာ ပြုံးလိုက်မိသည်... တစ်နေ့ ကလေးလေး အလယ်တန်းအရွယ်လောက် ရောက်သည့်တစ်နေ့တွင်တော့ သူ့ကို တစ်ယောက်တည်း အိပ်တတ်အောင် အကျင့်လုပ်ရမည် ဟုသာ တစ်ယောက်တည်း တွေးဆနေခဲ့လေ၏...

သူမတို့ ယခုပြောင်းလာသောတိုက်ခန်းသည် အရမ်းကြီး မကျယ်ဝန်းလှ... သူမ တိုက်ခန်းထဲသို့ အနည်းငယ်လှည့်ပတ်ကြည့်လိုက်ပြီးနောက်တွင် နောက်သုံးနှစ်အတွင်း အိပ်ခန်းသုံးခန်းပါသောတိုက်ခန်းတစ်ခန်း ပေးချေနိုင်ရန် ကြိုးစားရမည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့သည်...

ယခုတွင် အိမ်ပြောင်းရွှေ့ပြီးသွားပြီဖြစ်သော ကြောင့် သူမတို့ နောက်ဆက် အသက်ဆက်နိုင်ရန် ဘယ်အလုပ် လုပ်ကိုင်ရမည်ကို စဉ်းစားရပေမည်..

အကယ်၍ သူမက သုံးနှစ်အတွင်း ကျယ်ဝန်းသောတိုက်ခန်းအသစ်တစ်ခန်းအတွက် ငွေပေးချေနိုင်ရမည်ဆိုပါလျှင် သူမဆီ၌ လုံလောက်သောစုဆောင်းထားမှုရှိဖို့ရာအနည်းဆုံး အလုပ်တစ်ခုတော့ ရှိရပေလိမ့်မည်...ထို့ပြင် မူလချန်းဟွမ်ဟာ ပညာရေးတွင် ဆုံးခန်းတိုင်ခြင်း မရှိခဲ့ချေ... အထက်တန်းအောင်ထားသည့် အောင်လက်မှတ်လေး တစ်ခုတည်းဖြင့် အလုပ်ကောင်းကောင်းတစ်ခုရရန် မဖြစ်နိုင်ပြန်...

မည်သို့ပင်ဖြစ်စေ သူမကလည်း ကုမ္မဏီတစ်ခုခုတွင် အလုပ်ဝင်လုပ်ရန် မစဉ်းစားထားချေ...

လက်ရှိချန်းဟွမ်သည် သူမရဲ့မူလကမ်ဘာတွင် ဒုတိယသမီးဖြစ်သော်လည်း သူမမိဘမ်ားဟာ သားတစ်ယောက်ရရန်သာ စိတ်အားထက်သန်နေခဲ့သောကြောင့် သူမကို မွေးပြီးပြီးချင်းတွင် အဖိုးဖြစ်သူဆီ ပို့လိုက်ကြ၏...

သူမအဖိုးတို့မျိုးရိုးက တော်ဝင်စားဖိုမှူးအဖြစ် လုပ်ကိုင်ခဲ့ဖူးကြသူများပင်... တော်လှန်ရေးဖြစ်ပေါ်ပြီးနောက် နန်းတော်မှ ထွက်ပြေးလာခဲ့ကြကာ ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ရင်း တခြားလုပ်ငန်းတစ်ခုသို့ ပြောင်းခဲ့ကြခြင်းဖြစ်လေသည်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now