ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.1K 185 0
                                    

Chapter 114

"ရပါတယ် အဆင်ပြေသွားလိမ့်မယ်" 

ကျန်းမင်ယွမ်က ချန်းဟွမ်ထံမှကမ်းလှမ်းမှုကို ငြင်းဆိုလိုက်သည်။

“ သိပ်လည်းမဝေးပါဘူး... အိမ်ပြန်ရောက်ရင် ရေချိုးလိုက်မယ်"

ဤအိမ်၌ မိန်းမသားတစ်ယောက်နှင့်ကလေးတစ်ဦးသာရှိသည်။အကြမ်းဖျင်းအားဖြင့်ခြုံငုံကြည့်လျှင်

ဤနေရာ၌ အမျိုးသားဝတ်အဝတ်အစားများ ရှိမည်မဟုတ်ချေ။ 

ထိုသို့ပြောပြီးနောက် ကျန်းမင်ယွမ် သည် ရှင်းရှင်းကို ချန်းဟွမ်ထံ လက်လွှဲပေးပြီး ထွက်ခွာရန်ပြင်နေသည်။

“အပြင်မှာ အရမ်းအေးတယ်...  ဒီအတိုင်းသွားလို့ အဆင် ပြေမှာမဟုတ်ဘူး " 

ချန်းဟွမ်က ရှင်းရှင်းအား ခေါ်သွားကာ ဆံပင်ခြောက်အောင် မှုတ်သည်။

ကလေးငယ်ငယ်ကလေး၏ဆံပင်သည် ပါး၍တိုလွန်းသောကြောင့် လုံးဝခြောက်ရန် နှစ်မိနစ်ခန့်သာကြာ၏။

ချန်းဟွမ်က ရှင်းရှင်း၏ခေါင်းကို ခပ်ဖွဖွပုတ်ကာ အိပ်ရာဝင်ခိုင်းသည်။

ထို့နောက် သူမက ကျန်းမင်ယွမ်၏အရှေ့၌ ပိတ်ရပ်လိုက်၏။

  “ဒီနားတစ်ဝိုက်မှာ စူပါမားကတ်တွေရှိတယ်.... အဝတ်အစားလဲဖို့ သွားဝယ်ပေးမယ်...ဒုက္ခမများပါဘူး...”

စိုစွတ်နေသောအဝတ်အစားများကို ဝတ်ဆင်ထားရခြင်းက အမှန်တကယ်ပင် သက်တောင့်သက်သာမဖြစ်လှပေ။  အပူပေးစက်ဖွင့်ထားသော်လည်း ကျန်းမင်ယွမ်၏ခန္ဓာကိုယ်မှ အပူရှိန်မှာ ပျောက်ကွယ်လုနီးနီးဖြစ်‌နေသည်။

ကျန်းမင်ယွမ်က ခေတ္တစဉ်းစားပြီး ခေါင်းငြိမ့် သဘောတူလိုက်၏။

  “ကောင်းပြီလေ ဒါဆိုရင်လည်း.... ကျေးဇူးပဲ ”

"ကိစ္စမရှိပါဘူး"

ရေချိုးခန်းထဲမှ ထွက်လာသူက ရေချိုးခန်းထဲသို့ပင်ပြန်ဝင်သွားသည်။

ဘေးတိုက်တွန်းဖွင့်ရသော လျှောတံခါးကပွင့်ပြီး

နောက် ပြန်ပိတ်သွားသည်။

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now