ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.1K 203 0
                                    

Chapter 128

"အင်း ဆိုင်သွားကြည့်မလို့" 

ချန်းဟွမ်က သူမ၏ပိုက်ဆံအိတ်ကို ကိုင်ထားရင်းမေးလာပြန်သည်။

" ဘယ်နှနာရီရှိပြီလဲ "

"၃ နာရီလောက်ပေါ့  ဘာလို့လဲ "

"ဒါဆို ကျွန်မအစား ရှင်းရှင်းကို စောင့်ကြည့်ပေးနိုင်မလား...အပြင်မှာ အရမ်းအေးနေလို့ ကလေးကို ခေါ်မသွားချင်ဘူး"

" ရပါတယ် ထားခဲ့လိုက် "  ကျန်းမင်ယွမ်က ရှင်းရှင်း၏လက်ကိုဆုပ်ကိုင်ပြီး တံခါးဘေးသို့အနည်းငယ်နေရာဖယ်ပေးလိုက်သည်။

  “အပြင်မှာ လေအရမ်းတိုက်တယ်... ငါနဲ့ပါလာတဲ့ ဒရိုင်ဘာကိုခေါ်သွားလေ "

ကျန်းမင်ယွမ်၏ဒရိုင်ဘာနှင့်သွားရခြင်းက

ကိုယ်တိုင် တက္ကစီငှားရခြင်းထက် အဆများစွာသက်သာသည်။အလွန်‌အေးသောဆောင်းရာသီ၌ မည်သည့်တက္ကစီဆရာကမှ ကားထဲတွင် ထိုင်စောင့်ချင်ကြမည်မဟုတ်ပေ။

ချန်းဟွမ်သည် ထိုအကြံကို သဘောကျသော်လည်း လူကြားကောင်းအောင် ဟန်လုပ်လိုက်သေး၏။

" ဒုက္ခများနေပါဦးမယ် "

"မများပါဘူး ဒရိုင်ဘာက အောက်ထပ်မှာ "

ကျန်းမင်ယွမ် ရှင်းရှင်း၏လက်ကို လွှတ်လိုက်သည်။

ကလေးကို အိမ်ထဲ၌ ခဏထားခဲ့ပြီး သူက အပြင်ထွက်သွား၏။

ထို့နောက်ဓာတ်လှေကားခလုတ်ကို နှိပ်ကာ ချန်းဟွမ်နှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

"သွားတော့မယ်"

" ကောင်းကောင်းသွား "

ကားအတွင်းနှင့် အပြင်၌ အသီးသီးရှိနေကြသော နှစ်ယောက်သားက အချင်းချင်း လက်ဝှေ့ယမ်းပြကြ၏။ ကားသည် မြေအောက်ကားပါကင်မှ ထွက်ခွာလာခဲ့သည်။

ကျန်းမင်ယွမ်က ဓာတ်လှေကားဆီသို့ပြန်မသွားမီတွင် ထွက်ခွာသွားသောကားကို တစ်ခဏမျှ စိုက်ကြည့်နေသေး၏။

တိုက်ခန်းရှေ့သို့ရောက်သည်နှင့် ကျန်းမင်ယွမ်က သော့တံကိုထုတ်ပြီး တံခါးဖွင့်လိုက်သည်။

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now