ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.4K 219 0
                                    

Chapter 95

{ အပန်းဖြေပန်းခြံသို့တစ်ခေါက် - ၃ }

ကျန်းမင်ယွမ်သည် သားဖြစ်သူနှင့်အတူတူစီးရမည့်ကားကို အသေအချာပြင်ဆင်ထားပြီး ကားနောက်ခန်းမှာလည်း အတော်လေး

ကျယ်ဝန်းပေတယ်... ကားနောက်ခန်းတွင် ကလေးအတွက်အန္တရာယ်ကင်းထိုင်ခုံတစ်လုံးပင် တပ်ထားသေး၏... ရှင်းရှင်းလေးသည် ထိုထိုင်ခုံတွင် ထိုင်ပြီး မိနစ်အနည်းငယ်ကြာပြီးနောက်တွင် မေးမြန်းခြင်းတို့ စတင်လာတော့သည်...

ကလေးလေးသည် အစပိုင်းတွင် စပ်စုချင်စိတ်များနေခဲ့ပြီး မိခင်ဖြစ်သူအား အဆက်မပြတ်မေးနေလေတယ်... "မေမေ ဒါဘာလဲဟင် "

သို့သော် ရှင်းရှင်းလေး မေးသမျှကို ကျန်းမင်ယွမ်မှသာ ဆက်တိုက်ဖြေကြားပေးခဲ့၏...

သို့ပေမယ့်လည်း ရှင်းရှင်း၏စပ်စုချင်စိတ်တို့သည် ကားထဲသို့ ရောက်ပြီးနောက် ဆယ်မိနစ်အကြာတွင် ပျောက်ဆုံးသွားခဲ့လေသည်... ရှင်းရှင်းလေးအတွက်တော့ အန္တရာယ်ကင်းထိုင်ခုံသည် သက်သောင့်သက်သာမဖြစ်သည့်အပြင် ချုပ်နှောင်ထားသလို ခံစားလာရတာကြောင့် ဒီထိုင်ခုံတွင် မထိုင်ချင်ဘူးဟု ကျယ်လောင်စွာ အော်ဟစ်လာချေသည်...

ထိုတောင်းဆိုမှုကိုတော့ ချန်းဟွမ်နှင့်ကျန်းမင်ယွမ်နှစ်ဦးလုံးမှာ သဘောမတူပေ... ကျန်းမင်ယွမ်အတွက် ဒီတစ်ကြိမ်သည် သားဖြစ်သူနှင့် ပထမဆုံးအကြိမ် တရား၀င်အချိန်ဖြုန်းနိုင်ခြင်းဖြစ်တာကြောင့် ကလေးစိတ်ထဲတွင် သူနှင့်ပတ်သက်ပြီးကောင်းမွန်သောခံစားချက်တို့ကိုသာ ချန်ထားခဲ့ချင်ပေသည်... ထို့ကြောင့်လည်း သူက ပေါက်စီလုံးလေး၏လက်ကို ဆုပ်ကိုင်ထားရင်း စိတ်ရှည်လက်ရှည်ဖြင့် အကျိုးအကြောင်းကို အသေအချာ ရှင်းပြပေးလိုက်သည်...

သို့သော်ငြားလည်း ရှင်းရှင်းလေးဟာ ကလေးတစ်ယောက်သာ ဖြစ်တာကြောင့် အကျိုးအကြောင်းတို့ကို စိတ်မဝင်စားပါဘဲ တောက်လျှောက်ငိုနေတော့သည်... ထိုအခါ ကျန်းမင်ယွမ်ဟာ အနည်းငယ်ထိတ်လန့်သွားခဲ့ပြီး ချန်းဟွမ်ဘက်သို့ လှည့်ကာ အကူအညီတောင်းခံသောအကြည့်ဖြင့် ကြည့်လာခဲ့တော့တယ်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now