ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.4K 229 0
                                    

Chapter 82

{ မေမေ ရောက်လာတော့မှာ -  ၄ }

" မဟုတ်တာ အဲ့လောက်ထိ လုပ်ပေးဖို့ မလိုပါဘူး... "

ချန်းဟွမ်တစ်ယောက် သတိပြန်ကပ်သွားချိန်တွင် သူမရဲ့လက်နှစ်ဖက်ကို ခါယမ်းပြရင်း ထိုသို့ဆိုလိုက်၏...

" ကျွန်မရဲ့အသားနုပ်တဲ့နည်းလမ်းက ကြီးကြီးမားမားကိစ္စမှ မဟုတ်တာ... မစ္စရှန်းဘက်က အဲ့လောက်ထိ လုပ်ပေးစရာ မလိုဘူး... အရင်တုန်းက မစ္စရှန်း  ကျွန်မကို အိမ်ပြန်လိုက်ပို့ပေးခဲ့အတွက် ကျွန်မဘက်ကနေ ကျေးဇူးဆပ်တယ်လို့ သဘောထားလိုက်ပါ... "

" မဖြစ်သေးပါဘူး... အဲ့လိုဆိုရင် အဆင်မပြေဘူးလေ... မစ္စချန်းဆီကနေ ဒီတိုင်းမလိုချင်ပါဘူး... "

အမျိုးသမီးကြီးက ချန်းဟွမ်၏စကားကို ကြားလိုက်ပြီးနောက် ပို၍ပင်စိတ်ဓာတ်ခိုင်မာလာတော့သည်...

" အိမ်ကို လိုက်ပို့ပေးတာက ကြီးကြီးမားမားကိစ္စမှမဟုတ်တာ... မစ္စချန်းရဲ့အသားနုပ်နည်းလမ်းနဲ့ ယှဥ်စရာမလိုပါဘူးကွယ်... အသားနုပ်နည်းတွေကို ဒီအတိုင်းယူလိုက်လို့ မဖြစ်ဘူးလေ..."

" ဒါပေမယ့်လည်း မစ္စရှန်းရယ်... ကျွန်မရဲ့အသားနနှပ်နည်းတွေက တကယ်ကို ရိုးရှင်းလွန်းတာပါ... "

" မစ္စချန်းအတွက် လွယ်ပေမယ့်လည်းလောက် တခြားသူတွေအတွက်ကြတော့ အဲ့လိုဟုတ်ချင်မှဟုတ်မှာပေါ့... မစ္စချန်းဘက်ကနေ ကျွန်မရဲ့ကမ်းလှမ်းမှုကို လက်မခံရင် မစ္စချန်းရဲ့အသားနုပ်နည်းကို ကျွန်မ ယူမသုံးဘူး..."

ထိုစကားကို ပြောပြီးနောက် ရှန်းလီတစ်ယောက် ထထွက်သွားတာကြောင့် ချန်းဟွမ်သည် ရှန်းလီ အပြင်မရောက်သွားခင် အသည်းအသန် ဆွဲထားလိုက်ရသည်

သူမနှစ်ဦး အချိန်အတော်ကြာအောင် ညှိနှိုင်းခဲ့ကြပြီး နောက်ဆုံးတွင်တော့ အသားနုပ်နည်းအတွက်အခကြေးငွေအဖြစ် ရှန်းလီ ၀င်ငွေ၏၃၀%ကို ချန်းဟွမ်အား ပေးရန် ဆုံးဖြတ်ခဲ့ကြတော့၏...

ရှန်းလီဆိုသောအမျိုးသမီးကြီးသည် သူမ စကားကို တည်သောသူပင်... သူမသည် ချန်းဟွမ်ဆီသို့ နောက်တစ်ကြိမ် လာချိန်၌ စာချုပ်ကိုပါ ယူဆောင်လာခဲ့ပြီး စာချုပ်တွင် ယခင်သဘောတူထားသည့်စည်းကမ်းချက်များ၊ သူမမိသားစု၏လက်မှတ်နှင့်လက်ဗွေတို့ပါ ပါဝင်ချေသည်... ထိုအခါတွင်တော့ ချန်းဟွမ်ဟာ သူမနာမည်ကိုရေးထိုးပေးပြီး စာချုပ်အား ပြန်ပေးလိုက်၏...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Dove le storie prendono vita. Scoprilo ora