ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.4K 216 0
                                    

Chapter 88

{ မစ္စချန်း... ကျွန်တော်တို့ အေးဆေးစကားပြောလို့ ရမလား - ၂ }

ချန်းဟွမ်သည်  ဆိုင်ခန်းငှားရမ်းရေးနှင့်ပတ်သက်ပြီး ဟန်ထန်းဟွာတစ်ယောက်တည်းနှင့်သာ အဆက်အသွယ်ရှိခြင်းဖြစ်လေသည်... ချန်းဟွမ်တစ်ယောက် ဖုန်းအကြိမ်ကြိမ်ကို ခေါ်နေခဲ့ပြီး နောက်ဆုံးတွင်တော့ တစ်စုံတစ်ယောက်က ဖုန်းကိုင်လာခဲ့၏... သို့သော်လည်း ထိုတစ်စုံတစ်ယောက်မှာ သူမကို ကူညီပေးခဲ့သောဝန်ထမ်း မဟုတ်ဟု ပြောလေသည်...

ချန်းဟွမ် " ••• "

ထိုသိုဖြင့် နေ့တစ်ဝက်ကြာလာခဲ့ပြီးနောက် သူမသည် စိတ်ရောလူပါ ပင်ပန်းလို့နေချေပြီ... လက်ရှိ သူမ တုန်လှုပ်မိသည်က မသိခြင်းတရားကြောင့်ပင်... သူမ လည်ပင်းတွင် ဓါးထောက်ခံထားရပြီး ထိုဓါးကို ဘယ်သူက ဘာကြောင့်ထောက်ထားမှန်းမသိရှိရသောဘဝမျိုးပင်...

တစ်ဖက်တွင်တော့ ပေါက်စီလုံးလေးသည် မိခင်ဖြစ်သူရဲ့စိတ်အခြေအနေကို လုံးဝမရိပ်စားမိချေ...

ကလေးလေးသည် ခေတ္တမျှဆော့ကစားပြီးနောက် ဗိုက်ဆာလာသောကြောင့် နေရာမှထကာ နောက်ဖေးဘေစင်နားသို့ ခွေးခြေခုံလေးကို ရွေ့လိုက်လေသည်... ထို့နောက်တွင်တော့ ခွေးခြေခုံလေးပေါ်သို့ တက်လိုက်ပြီး လက်နှစ်ဖက်လုံးကို ဆေးကြောလိုက်ပြီးနောက် ထမင်းစားပွဲတွင် ထိုင်နေလိုက်၏...

အချိန်အတော်ကြာအောင် စောင့်နေခဲ့သော်ငြား မိခင်ဖြစ်သူ၏အရိပ်အယောင်ကို မတွေ့ရပေ... ကလေးလေးသည် တဂွိဂွီမြည်နေသောဗိုက်လုံးလုံးကို ပွတ်လိုက်ပြီးနောက် မိခင်ဖြစ်သူရှိနေသည့်ဧည့်ခန်းရှိရာဘက်သို့ လှမ်းကြည်ကာ မိခင်အား လှမ်းခေါ်လိုက်တော့သည်...

ချန်းဟွမ်သည် သားဖြစ်သူ၏ခေါ်သံကြောင့် လှည့်ကြည့်လိုက်ချိန်တွင် ရှင်းရှင်းလေးသည် သူ့နေရာလေးတွင် သူမအား ထိုင်စောင့်နေသည်ကို တွေ့လိုက်ရ၏... ကလေးလေးသည် မိခင်က သူအား လှည့်ကြည့်လာချိန်၌ “ မေမေ... သား ဗိုက်ဆာနေပြီ ” ဟု ဆိုလာ၏...

ချန်းဟွမ် ' သေစမ်း!! ထမင်းချက်ဖို့ မေ့သွားတယ် '

သူမသည် ထမင်းချက်ဖို့ ကိစ္စကို လုံးဝမေ့လျှော့သွားခဲ့မိသည်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now