ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3K 164 4
                                    

Chapter 121

အခြားသူသာဆိုလျှင် စိတ်ကောက်ရုံသာမက မည်သို့ပင်ဖြစ်နေပါစေ မိမိ၏လမ်းကိုလာမပိတ်သရွေ့ ကျန်းမင်ယွမ်က ဂရုထားမည်မဟုတ်ချေ။

သို့သော်လည်း ချန်းဟွမ်ကိုမူ လျစ်လျူရှုမထားနိုင်ပေ။

သူမသည် ရှင်းရှင်း၏မိခင်ဖြစ်သည်။

ဤအရေး၌ အနည်းငယ် စိတ်ရှည်ရမည်ဖြစ်၏။

ယမန်နေ့ကဖြစ်ပျက်ခဲ့သော ကိစ္စများကို အသေးစိတ်ပြန်လည်သုံးသပ်ကြည့်သောအခါ ပြဿနာ၏ မူလရင်းမြစ်က အဝတ်အစားနှင့် ဆက်စပ်နေနိုင်သည်ဟု ကျန်းမင်ယွမ်တွေးလိုက်မိသည်။

ချန်းဟွမ်မှ သူမ၏အိမ်သို့ အဝတ်အစားများပြန်ယူလာသည်ကို မလိုလားခြင်းဖြစ်နိုင်၏။

ကျန်းမင်ယွမ်တစ်ယောက် အကြောင်းအရင်းကို သေချာမသိသောကြောင့် အနည်းငယ် မျက်မှောင်ကြုတ်မိသွားသည်။

ခေတ္တစဉ်းစားပြီးသောအခါ သားဖြစ်သူကို အကူအညီတောင်းရန် ဆုံးဖြတ်လိုက်တော့၏။

"သား....ဖေဖေ့ကို ကူညီပေးနိုင်မလား"

"ဘယ်လိုမျိုးလဲ"

“ဒီလိုမျိုးလေ... သားမေမေက စိတ်ဆိုးတယ်ဆိုပေမဲ့ ဘာလို့စိတ်ဆိုးတယ်ဆိုတာကို ဖေဖေမသိဘူး.... ဒီတော့ ရှင်းရှင်းက ဖေဖေ့အစား သိအောင်‌မေးပေးမလား "

" ဖေဖေက အရမ်းပိန်းတာပဲ "  ရှင်းရှင်းက အားမလိုအားမရပြောသည်။

  " သားသားဆိုရင် မေမေ ဘာလို့စိတ်ဆိုးလဲဆိုတာကို အမြဲတမ်းသိတယ် "

“……”

သားဖြစ်သူထံမှပင် အထင်သေးခြင်းခံလိုက်ရသော ကျန်းမင်ယွမ်ပါပင်။

" ရှင်းရှင်းက အရမ်းဥာဏ်ကောင်းတယ်"  ကျန်းမင်ယွမ်သည် သားဖြစ်သူထံမှ အကူအညီကို လိုအပ်နေသေးသောကြောင့် စိတ်မဆိုးနိုင်ပေ။

သူသည် ဖုန်းတစ်ဖက်မှ ရှင်းရှင်းအား ကောင်းကောင်းမွန်မွန် ချော့ပြောသည်။

" ဒီလိုမျိုးဉာဏ်ကောင်းတဲ့ ရှင်းရှင်းလေးက ဖေဖေ့ကိုကူညီမပေးနိုင်ဘူးလားဗျာ "

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Donde viven las historias. Descúbrelo ahora