Chapter 22
{ သားမွာ ဘာလို့ ဖေဖေ မရွိတာလဲ - ၃ }ကားဒရိုင်ဘာက တောင်းပန်ဖို့ရာ ကြံရွယ်နေသော်လည်း ချန်းဟွမ်က သူ့အား လုံးဝဂရုမစိုက်တော့သည်ကို သတိမူမိပေ၏...
တစ်ဖက်တွင်တော့ ကေလးက အေမျဖစ္သူအား မေးခွန်းများစွာ ဆက်တိုက်မေးလို့နေလေ၏... အေမျဖစ္သူက သူမေးသမျှကို စိတ်ရှည်ရှည်ဖြင့် ပြန်ဖြေပေးမည်ကို သိသောကြောင့်ပင်...
သို့သော် ရှင်းရှင်းလေးက ကလေးသာရှိသေးတာကြောင့် အစပိုင်းတွင် စိတ်လှုပ်ရှားနေခဲ့ပြီး ခေတ္တအကြာတွင်တော့ အိပ်မောကျသွားလေတော့သည်...
ပေါက်စီလုံးလေးသည် အိမ္သစ္သို့ မရောက်ခင် လမ်းတစ်ဝက်လောက်တွင်ပင် အေမျဖစ္သူကို မှီရင်း အိပ်မောကျသွားခဲ့ခြင်းဖြစ်သည်... အိမ္သစ္သို့ ရောက်ချိန်တွင်တော့ ချန်းဟွမ်က ကေလးကို ဆိုဖာပေါ်တွင် တင်ကာ ဝန်ထမ်းတို့ကို ပိုက်ဆံရှင်းပေးလိုက်ပြီး ပစ္စည်းများကို နေရာချလေတော့၏...
သူမတို့နှင့်အတူ ပစ္စည်းများများပြားပြား မယူလာခဲ့ချေ...ပရိဘောဂအနည်းငယ်နှင့်အတူ ခရီးဆောင်အိတ်နည်းနည်းမျှသာ ပါလာခဲ့သည်...
ချန်းဟွမ်သည်အဝတ်အစားများကို ဖယ်လိုက်ပြီး ကောက်ရိုးဖျာကို ကုတင်ပေါ်တွင် အရင်ခင်းထားလိုက်သည်... ထို့နောက် မီးဖိုချောင်သုံးပစ္စည်းများကို နေရာချချိန်တွင် ရှင်းရှင်းလေး နိုးလာခဲ့သည်...
ကလေးလေးက ဆိုဖာပေါ်တွင် ထိုင်နေသော်ငြား အိပ်ချင်မူးတူးပုံစံမျိုး ရှိနေဆဲပင်... ပေါက်စီလုံးလေးသည် ကြီးမားပြီးဝိုင်းစက်နေသောမျက်လုံးတို့ကို ခပ်ဖွဖွပွတ်သပ်လိုက်ပြီးနောက် သူ့အမေကို ရှာလိုက်လေသည်...
သူ့အမေကို တွေ့လိုက်ချိန်၌ ပေါက်စီလုံးလေးကသူ့ရဲ့ခြေထောက်တိုတိုလေးနှစ်ဖက်ကို ဆိုဖာအောက်ထိရောက်အောင် မနည်းခြေဖျားထောက်ရင်း ဆင်းလိုက်သည်..
" မေမေ... "
ရှင်းရှင်းလေးက ချန်းဟွမ်အား ချိုသာစွာခေါ်လိုက်ရင်း သူမ ရွိရာဆီ ပြေးသွားလိုက်သည်... ထို့နောက် အမေဖြစ်သူရဲ့ခြေထောက်များကို လက်နှစ်ဖက်ဖြင့် ဖက်လိုက်ရင်း သူ့ရဲ့ပါးဖောင်းဖောင်းလေးကိုခြေထောက်တွင် မှီထားလိုက်လေသည်...
BẠN ĐANG ĐỌC
ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
Lãng mạnThe Villainess Female Supporting Character raising her bun