ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.3K 191 0
                                    

Chapter 98

{ အရုပ်များစွာ ရရှိခဲ့သည် - ၃ }

ချန်းဟွမ်သည် ရှင်းရှင်းလေး၏လက်ကို ဆုပ်ကိုင်လိုက်ရင်း နူးညံ့သောလေသံဖြင့် ဆိုလိုက်သည်...

" သားက ဒီနေ့ ဘာလို့ အရုပ်တွေအများကြီး ဝယ်ခိုင်းတာလဲ "

ကလေးလေးသည် မိခင်ဖြစ်သူ၏အမေးကို ကြည့်ချိန်တွင် ချက်ချင်းပြန်ဖြေရှာသည်...  " ဦးဦးကျန်းက သားအတွက် ဝယ်ပေးတာပါ..."

ပေါက်စီလုံးလေးသည် တခြားသူတစ်ဦးဦးက သူ့အတွက် ဝယ်ပေးသည်ကို လက်ခံလိုက်ခြင်းဟာ အပြစ်တစ်စုံတစ်ရာမရှိဟု ထင်နေဆဲပင်... ကလေးလေး၏အဖြေစကားကြောင့် ချန်းဟွမ်သည် သူမဟာ ကလေးကို သေချာမသင်ကြားခဲ့မိဘူးဟုပင် တွေးလိုက်မိပေ၏...

" ဒါပေမယ့် အဲ့လိုဝယ်ပေးတိုင်း ယူလို့မရဘူးလေ "

" ဘာလို့ မယူလို့မဖြစ်တာလဲ? " ရှင်းရှင်းလေး ယခုထိ နားမလည်သေးချေ...

ပေါက်စီလုံးလေးဟာ အဖေဖြစ်သူဆီမှ လက်ဆောင်တွေအားလုံးကို လက်ခံလိုက်ခြင်းက ပြဿနာမဟုတ်ပါလေ... တကယ့်ပြဿနာမှာ ကလေးလေးသည် ကျန်းမင်ယွမ်က သူ့ဖခင်ဖြစ်သည်ကို မသိနေခြင်းပင်...

ချန်းဟွမ်သည် ကလေးလေးအား ခေတ္တမျှကြည့်နေခဲ့ပြီးနောက် အကြောင်းအရင်းကိုစိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်ရလေ၏... ကိုယ်နှင့်မသိသောတခြားသူများဆီမှ လက်ဆောင်ပစ္စည်းကို လက်ခံခြင်း မဖြစ်သင့်ကြောင်း၊ တစ်နေ့တွင် လူဆိုးများ တစ်စုံတစ်ခုပေးမည်ဟုဆိုကာ လိမ်ညာခေါ်သွားနိုင်ကြောင်း အသေအချာရှင်းပြခဲ့လေသည်... ချန်းဟွမ်တစ်ယောက် အာခေါင်ခြောက်မတတ်ရှင်းပြပြီးချိန်တွင်တော့ ကလေးလေးသည် အနည်းငယ်သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး " ဟုတ်ကဲ့ မေမေ... သား နားလည်သွားပြီ... နောက်တစ်ခါကြရင် မေမေ ဝယ်ပေးတဲ့အရုပ်တွေကိုပဲ ယူတော့မယ်..."ဟု ပြောလာလေသည်...

ထို့သို့ပြောပြီးသည်နှင့် အရုပ်များသို့ ပြန်လှည့်ကြည့်လိုက်ကာ  “ ဒါပေမယ့်... ဒီအရုပ်တွေကိုတော့ မလွှင့်ပစ်ချင်ဘူး မေမေ... ” ဟု တောင်းဆိုလာခဲ့တော့၏...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Tempat cerita menjadi hidup. Temukan sekarang