ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.5K 223 0
                                    

Chapter 99

{ ပစ်ချက်တစ်ချက်သာ လိုအပ်သည် - ၁ }

ချန်းဟွမ်သည် ကျန်းမင်ယွမ်အား ရှင်းရှင်းလေးနှင့် အချိန်ဖြုန်းခွင့်ပေးရန် ခွင့်ပြုပေးခဲ့သော်ငြား သိပ်တော့ မကျေနပ်လှပေ...

ယခင် သူမ ပိုင်ဆိုင်ထားသောရတနာလေးကို  ယခုချိန်တွင် တခြားသူတစ်ဦးက မျက်စိကျနေသောကြောင့် စိုးထိတ်နေမိပုံပင်... သို့သော် ထိုအမျိုးသားသည် ထိုရတနာလေးကို သူမတို့နှစ်ဦးအတူတကွစောင့်ရှောက်မှသာ ပျက်စီးခြင်းကပ်ဘေးတို့မှ ကင်းဝေးနိုင်လိမ့်မည်ဟု ဆိုလာခဲ့ဖူးသည်...

အမှန်တိုင်းဆိုရသော် ထိုအမျိုးသား၏စကားဟာလည်း မမှားတာသည့်အပြင် သူမဆီတွင် ထိုကမ်းလှမ်းမှုကို ငြင်းဆိုရန် ခိုင်လုံသောသက်သေမရှိပါလေ... ထို့ကြောင့်လည်း သားအဖနှစ်ဦးအား ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်...

ဒါကတော့ ချန်းဟွမ်၏လက်ရှိအခြေအနေပင်...

အတည်အကျဆိုရပါလျှင် ရှင်းရှင်းလေးတွင် ဖခင်တစ်ယောက်ရှိခြင်းမှာ ကောင်းမွန်လှပေသည်... ဒါမှသာ တခြားသူများ၏ထူးဆန်းတဲ့အကြည့်တို့ကို ရှောင်ရှားနိုင်မည်ဖြစ်လေ၏...တစ်ဖက်တွင်လည်း ရှင်းရှင်းလေးသည် ကျန်းမင်ယွမ်အား အလွန်ခင်တွယ်နေသည့်အတွက် ချန်းဟွမ်တစ်ယောက် စိတ်မကောင်းဖြစ်ရပြန်သည်... သူမ၏ရှင်းရှင်းလေးအား ဇာတ်လိုက်မှ လုယူသွားမည်ကို ကြောက်ရွံ့နေရရှာသည်... ထိုအကြောင်းတို့ကို တွေးမိလေတိုင်း သူမ ရင်ထဲ၌ ဆူးနစ်သွားအောင် ခံစားရပေသည်..

ဤသို့ဖြင့် အတွေးတို့အလယ်တွင် အိပ်မောကျသွားခဲ့ပြီး နောက်တစ်နေ့တွင် သူမသည် ရှင်းရှင်းလေးအား ကျောင်းပို့ခဲ့ပြီးနောက် နေရာတစ်ခုဆီသို့ ဦးတည်သွားခဲ့သည်...

သူမ ဆိုင်အသစ်ကို ပြန်လည်ပြုပြင်ခြင်းဟာ ယခုဆိုလျှင် တစ်ဝက်ကျော်ကျော်လောက် ပြီးသွားခဲ့ပြီဖြစ်ကာ နိုဝင်ဘာလလောက်တွင်အပြီးသတ်နိုင်ပေမည်... သင်တန်းပေးခံထားရသောဝန်ထမ်းတို့မှာလည်း အတော်လေး ကျွမ်းကျင်လာခဲ့ပြီပင်... ရှောင်းပြည်နယ်မှ လာသောစားဖိုမှူးဆိုသူမှာလည်း သိုးသားငယ်ပွဲချက်ပြုတ်ပုံတစ်ခုလုံးနှင့် ရင်းနှီးလို့နေပြီဖြစ်ကာ အရသာမှာလည်း နှစ်လိုဖွယ်ဖြစ်လာခဲ့ပြီဖြစ်သည်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now