အပိုင်း (၄)- ပိုက်ဆံ
ထိုအချိန်တွင် မျက်နှာကို ရုတ်တရက် ဖြတ်တိုက်လာသော လေအေးများက အမြင်အာရုံကို အတန်ငယ် ဝေဝါးသွားစေခြင်းကြောင့် ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲ မမြင်ရဘဲဖြစ်သွားသည်။ သို့သော် စက္ကန့်ပိုင်းမျှအကြာတွင် စူးမြောင်အာသည် သူမ၏ လက်ကောက်ဝတ်မှဆစ်ကနဲ နာကျင်မှုကို ခံစားလိုက်ရသည်။ စူးမြောင်အာ ကမန်းကတန်း ငုံ့ကြည့်လိုက်ရာ သူမ၏ လက်ကောက်ဝတ်ကို သွားဖြင့် ဖိကိုက်နေသည့် ရုံချီကိုပါ တစ်ဆက်တည်း မြင်လိုက်ရလေသည်။ အညှာအတာမဲ့စွာ ကိုက်ခဲထားခြင်းကြောင့် လက်ကောက်ဝတ်တွင် သွေးပါစို့လာသည်။
"ရှင်..."
စူးမြောင်အာ အလွန်လန့်သွားရသည်။ အစောလေးတင်ကမှ သူမကို လေသံချိုချိုလေးနှင့် နှစ်သိမ့်ပေးနေသော ရုံချီက မိနစ်ပိုင်းအတွင်း အန္တရာယ်ပြုလာခဲ့သည်။
ဦးလေး ပြောတာ အမှန်ပဲ... တစ္ဆေသရဲတွေက လုံးဝယုံပေးလို့မရဘူး
စူးမြောင်အာဖြင့် ခွေးနက်သွေးဖြင့် သန့်စင်ထားသောပဲစေ့များကို လက်တစ်ဆုပ်စာခန့် ထုတ်ပြီး ရုံချီရှိရာသို့ ပဲမိုးရွာသလို ခပ်ကြမ်းကြမ်း ပစ်ပေါက်လိုက်သည်။သို့သော် ရုံချီက သူမထက် ပိုမြန်သည်။ သူက အလွန်လျင်မြန်စွာ နောက်ပြန်ဆုတ်သွားပြီး သူ့အရှေ့တွင် ချိပ်စည်းတစ်ခုဖြင့် အကာအကွယ်ယူလိုက်သည်။ စူးမြောင်အာ ပစ်ပေါက်လိုက်သော ပဲစေ့များသည် ထိုချိပ်စည်းနှင့် ထိမှန်သွားပြီး မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျလာတော့သည်။
ရုံချီသည် ပုတီးစေ့ကြောင့် ဒဏ်ရာမရသွားသော်လည်း အစောပိုင်းတုန်းကထက် အတန်ငယ် မှိန်ဖျော့သွားသည်။
"ရှင်ဘာလုပ်တာလဲ"
စူးမြောင်အာ ဒေါသတကြီး ကုန်းအော်လိုက်သည်။ သို့သော် ရုံချီက သူမကို ကြည့်ပြီး တည်တည်ငြိမ်ငြိမ် ပြန်ဖြေသည်။
"အမှတ်အသား လုပ်တာလေ... မင်း ကိုယ့်အပေါ် သစ္စာဖောက်သွားတဲ့ တစ်နေ့ကျရင် အဲ့ဒီအမှတ်အသားအတိုင်း ကိုယ် မင်းကို တွေ့အောင် လိုက်ရှာမှာ"
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်