အခန်း(၅၁)-နုံအတဲ့လူနဲ့ တန်ဖိုးကြီးတဲ့ငွေ
သို့သော် ရုံချီက ခါးခါးသီးသီး ခေါင်းခါပြသည်။
"တံခါးရဲ့ အရောင်က အရမ်းဖျော့လွန်းတယ်။ ပန်းရောင်ဖြစ်နေတာ မကြိုက်ဘူး။ မလိုတဲ့ ပစ္စည်းတွေကို လိုက်ချိတ်ထားတာ ကြည့်ပါအုံး။ မလှတဲ့အပြင် မျက်စိပါရှုပ်သေးတယ်..။ ဧည့်ခန်းထဲကို နေရောင်မဝင်ပါဘူးဆိုမှ အိပ်ခန်းတွေကျ လေမဝင်ပြန်ဘူး..။ စိတ်အနှောင့် အယှက်ဖြစ်စရာ အကောင်းဆုံးကတော့ ဟော ဟိုက ခရမ်းရောင်ဆိုဖာပဲ။ ကြည့်ရဆိုးလိုက်တာလွန်ရော"
ရုံချီက 'မကြိုက်ဘူး'ဟု တစ်ခွန်းတည်း ငြင်းရမည့်အစား ဟိုမှာမကြိုက် ဒီဟာမလှ စသဖြင့် ခုနစ်ချက် ရှစ်ချက်လောက်ကို တရစပ်ရွတ်ပြသွားသည်။
စူးမြောင်အာမှာ စိတ်ကို ထိန်းချုပ်ပြီး အံကြိတ်ထားရသည့်အတွက် မေးရိုးများပင် တောင့်လာသည်။
"ကျောင်းသူလေး မင်းဘယ်လိုထင်လဲ"
"အာ..."
"ငွေမတတ်နိုင်လို့လား"
"ဟုတ်..ဟုတ်"
အဆုံးတွင် ထိုအိမ်ထဲမှ ထွက်မပြေးရုံတမယ် သုတ်ခြေတင်ပြီး ပြန်ထွက်လာရတော့သည်။ သူမ၏ တစ္ဆေဘော့စ်က အိမ်ကို မကြိုက်ကြောင်း ငြင်းနေသည့်အတွက် သူမပါ ငြင်းရခြင်းဖြစ်ကြောင်း ဘယ်သူသိနိုင်ပါအံ့။ မိနစ်နှစ်ဆယ်ခန့်အကြာတွင် ဒုတိယနေရာသို့ ရောက်လာသည်။ ၎င်းသည် အထပ်မြင့်ကွန်ဒို၏ ကိုးလွှာတွင် တည်ရှိနေသော ကွန်ဒိုတိုက်ခန်းဖြစ်ပြီး ပတ်ဝန်းကျင်သန့်သည့်အပြင် ရှုခင်းလည်းလှသည်။ ပထမတစ်အိမ်ကဲ့သို့ အသေးစိတ် အလှဆင်ထားခြင်းမရှိသော်လည်း သူ့ဒီဇိုင်းနှင့်သူ ပနံသင့်စွာ ကြည့်ကောင်းနေဆဲဖြစ်သည်။ သို့သော် တိုက်ခန်းအဝသို့ ရောက်ရောက်ချင်းတွင် ရုံချီက တစ်ခွန်းတည်း မှတ်ချက်ပေးသည်။
"ဒီတိုက်ခန်းမှာ လူ သေဖူးတယ်"
"ရှင်က တစ္ဆေအချင်းချင်းတောင် ပြန်ကြောက်တတ်သေးတာလား"
"နိမိတ်မရှိဘူးလို့ပြောချင်တာ"
ကောင်းပြီ ဒီတစ်ခုတော့ အကျိုးအကြောင်းသင့်လို့ လက်ခံပေးလိုက်မယ်
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်