အခန်း(၉၅)-မထီမဲ့မြင်မလုပ်ပါနဲ့
"ကောင်းပြီ..ငါ့ရဲ့ ကျော့မိသားစုကို မထိခိုက်သရွေ့ဘာမဆို အကုန်သဘောတူပေးမယ်"
ကျော့ချင်းယွင်သည် ကျော့မိသားစု ကောင်းစားရေးအတွက် သမီးဖြစ်သူကိုပင် စတေးပြီး တစ္ဆေအဖြစ် ခိုင်းစားချင်သူဖြစ်သည့်အလျောက် ဤတောင်းဆိုမှုလောက်ကို အသေးအဖွဲအဖြစ်သာ သတ်မှတ်ထားပုံရသည်။ စူးမြောင်အာ၏ အမြင်တွင် ကျော့ချင်းယွင်ဟာ ကြာလေ ချဥ်လေ ချဥ်ဖတ်ဖြစ်လာသည်။
"အလျင်မလိုပါနဲ့"
ရုံချီ ဆက်ပြောမည့် စကားကို စူးမြောင်အာ ကြိုသိနေသည်။ ထင်သည့်အတိုင်းပင် ရုံချီက မဲ့ပြုံးပြုံးပြီး ဆက်ပြောလာသည်။
"အဲ့ဒီကိစ္စက အရေးမကြီးပါဘူး..တကယ်အရေးကြီးတာက သူ့ကို ဘယ်သူ့ဆီမှာ ဝင်စားခွင့်ပေးမှာလဲဆိုတာပဲ"
ပုံမှန်အသိစိတ်ရှိသူသာဆိုလျှင် မည်သူကမှ တစ္ဆေကလေးကို ဝင်စားခွင့်ပေးပြီး ကိုယ်ဝန်ဆောင်ချင်လိမ့်မည်မဟုတ်ပေ။ ထို့အပြင် စုန့်ရှစ်၏ ကလေးသည် လွန်ခဲ့သော အနှစ်တစ်ရာကတည်းက သေဆုံးသွားသည့် နှစ်ချို့တစ္ဆေလေးလည်းဖြစ်နေပြန်သည်။ကလေးမွေးသည့်အချိန်တွင်လည်း ကိုယ်ဝန်ဆောင်ထားရသည့် မိခင်က သာမန်ကိုယ်ဝန်ဆောင်သည်များထက် အဆပေါင်းများစွာ အားအင်ကုန်ခမ်းပြီး အခန့်မသင့်လျှင် သွေးသွန်၍ပါ သေတတ်သည်။
"ရှောင်ချင်းကို မွေးခိုင်းလိုက်..ကလေးမွေးပြီးတာနဲ့ ငါ သူ့ကို တစ်သက်လုံး ထိုင်စားသွားလို့ရတဲ့ ငွေပမာဏမျိုးကို ပေးလိုက်မယ်..ပြီးရင် သူလည်း ကျော့မိသားစုနဲ့ ပတ်သတ်စရာမလိုတော့ဘူးပေါ့"
ကျော့ချင်းယွင်က နှစ်ခါပြန် မစဥ်းစားဘဲ ပြောသည်။ စူးမြောင်အာ၏ စိတ်ထဲတွင် ကျော့ချင်းယွင်ကို အတော်လေး ရွံရှာနေပြီဖြစ်သည်။ ကျော့ရှောင်ချင်းသည် သို့တမျှ အကြင်နာတရားကင်းမဲ့ပြီး သွေးအေးရက်စက်လွန်းသော ဖခင်ထံမှ အသိအမှတ်ပြုခံရရန် ဘဝတစ်လျှောက်လုံး ကြုံတွေ့ရသမျှ ဒုက္ခများကို ခေါင်းငုံ့ခံခဲ့သူမဟုတ်ပါလား။ကျော့ရှောင်ချင်း၏ ကံကြမ္မာဆိုးအတွက် စူးမြောင်အာ သက်ပြင်းချရုံမှတပါး ပြောဖွယ်ရာမရှိတော့ပေ။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်