Part 98

250 25 0
                                    


အခန်း(၉၈)-ထူးဆန်းသောအချစ်

လမ်း၏ သုံးပုံတစ်ပုံခန့်အရောက်တွင် နောက်တစ်ကြိမ် ထပ်နားပြီး ရေသောက်၊မုန့်စားရင်း အမောဖြေခဲ့ကြသည်။ ထိုအချိန်တွင် စူးမြောင်အာတစ်ယောက် ဗိုက်ထဲ၌ မအီမသာဖြစ်မှုကို ခံစားလိုက်ရသည်။

"မြောင်မြောင် မင်း ကျန်းမာရေးသွားချင်လို့လား"

ရုံချီက အကင်းပါးသူပီပီ တစ်ချက်ကြည့်ရုံဖြင့် သူမဘာဖြစ်နေကြောင်း ချက်ချင်း ရိပ်မိသည်။ စူးမြောင်အာ ရှက်ရွံ့စွာ ခေါင်းငုံ့ထားလိုက်သည်။ မကြာသေးမီကမှ သူမ ကျော့ရှောင်ချင်းနှင့်အတူ ကျန်းမာရေးကိစ္စ တစ်ကြိမ်ဖြေရှင်းပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် ဤမျှ မြန်မြန်ကြီး ထပ်သွားချင်လာလိမ့်မည်ဟု မထင်ထားမိပေ။ စူးမြောင်အာ ရုံချီကို ခေါင်းညိတ်ပြပြီး တစ်ယောက်ထဲ ဖြေရှင်းရန် ထလာသော်လည်း ရုံချီကပါ ခပ်သွက်သွက် လိုက်လာသည်။

"ကိုယ်မင်းနဲ့အတူလိုက်ခဲ့ပေးမယ်"

ဟေး ရှင် ယောကျာ်းနဲ့ မိန်းမကြားမှာ စည်းထားရမယ့် ကိစ္စတွေ အများကြီးရှိတယ်ဆိုတာ မှတ်မိသေးရဲ့လား

မည်သို့ပင်ဖြစ်စေ သူမနှင့် ရုံချီတို့အကြောင်းကို မသိသော ကျော့မိသားစုဝင်များက သူမတို့နှစ်ဦးကို ချစ်သူရည်းစားအဖြစ် မှတ်ယူထားခြင်းကြောင့် စူးမြောင်အာလည်း အထွေအထူး ရှင်းပြမနေတော့ပေ။ ထို့အပြင် သူမကိုယ်တိုင်လည်း ယခုကဲ့သို့ အစစအရာရာ အန္တရာယ်များနေသည့် အချိန်မျိုးတွင် ရုံချီကို ကလေးဆန်စွာ စိတ်ဆိုးစိတ်ကောက်မနေတော့ဘဲ လုံခြုံရေးကိုသာ ဦးစားပေးသင့်ကြောင်း စဥ်းစားထားသည်။ ထို့ ကြောင့် ရုံချီနှင့် ငြင်းခုန်မနေတော့ဘဲ သက်ပြင်းချပြီး ထထွက်လာခဲ့တော့သည်။

မီတာအနည်းငယ်ခန့် လမ်းလျှောက်လာပြီးနောက် ချုံပုတ်ထူထပ်သော နေရာတစ်ခုသို့ ရောက်လာသည်။ စူးမြောင်အာသည် ထိကနေရာတွင် ကျန်းမာရေးကိစ္စဖြေရှင်းရန် သင့်တော်သည်ဟု ယူဆပြီး သူမအနောက်သို့တိတ်တဆိတ် လိုက်လာသော ရုံချီကို တစ်ချက်လှည့်ကြည့်လိုက်သည်။

တစ္ဆေသတို့သားWhere stories live. Discover now