Part 50

947 65 0
                                    

အခန်း(၅၀)-ဟိုတယ်ကို

မကြာခဏသွားဖို့မသင့်တော်ဘူး

စူးမြောင်အာသည် တစ်ချိန်က ရုံချီ သူမကို ပြောခဲ့ဖူးသည့် 'ကိုယ်

ပိုက်ဆံတွေအများကြီးရလာရင်မင်းကို

ပဲထောက်ပံ့ပေးမယ်'ဟူသော စကားကို ရုတ်တရက် ပြန်ကြားယောင်ပြီး စိတ်မသက်မသာဖြစ်သွားရသည်။

"ကျွန်မ ရှင့်ပိုက်ဆံကို အချောင်မလိုချင်ဘူး"

ရုံချီ၏ ပိုက်ဆံကိုသာ ယူမိပါက သူမ တစ်ဘဝစာလုံး ရုံချီအပေါ် အကြွေးတင်တော့မည်ဟု ခံစားနေရခြင်း

ကြောင့်ပင်။ ရုံချီကမူ စူးမြောင်အာကဲ့သို့ ငွေလောဘကြီးသော မိန်းကလေးတစ်ယောက်က ခါးခါးသီးသီးငြင်းဆန်လာလိမ့်မည်ဟု ထင်ထားပုံမရချေ။

"ကိုယ်သိပါတယ် ဒါပေမဲ့ မင်း ကိုယ့်ကို ပုတီးစေ့ကူရှာပေးမယ်လို့ ကတိပေးထားတယ်မဟုတ်လား..ပြီးတော့

ကျော့မိသားစုကို ဖြေရှင်းဖို့အတွက် ကိုယ် မင်းရဲ့ အကူအညီကို လိုနေတုန်းပဲ..အဲ့တာကြောင့် အရင်ဆုံး ဒီပိုက်ဆံကို တစ်ယောက်တစ်ဝက်စီ ခွဲယူထားကြမယ်..ပုတီးစေ့ကူရှာပေးမယ့် အချိန်ငါးနှစ်အတွက် မင်းကို အခု ယွမ်ငါးသန်းပေးမယ်..ကျန်တဲ့ ငါးသန်းကိုတော့ နောက်မှ ထပ်ယူပေါ့..ပိုက်ဆံကများသလို ရင်ဆိုင်ရမယ့် အခက်အခဲတွေလည်း အများကြီးရှိတယ်..ဘာပဲဖြစ်ဖြစ်

မင်းသဘောနဲ့မင်း ကိုယ့်ကို

ထားသွားလို့မရဘူးနော်..မင်း ကိုယ့်ကို

ထားသွားရင် နောက်ဆက်တွဲ အကျိုးဆက်ကို နှဖူးတွေ့ဒူးတွေ့ကြုံရလိမ့်မယ်"

စူးမြောင်အာတစ်ယောက် ရုံချီကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေရုံသာ

တတ်နိုင်ခဲ့သည်။ မကြာသေးမီကမှ နိုးထလာသော ချင်မင်းဆက်မှ တစ္ဆေအိုကြီးဟာ ယခုလို အတွေးအမြင်ကျယ်ပြီး ခေတ်ပေါ် အသုံး

အနှုန်းများကို ကျွမ်းကျင်စွာ သုံးနိုင်လိမ့်မည်ဟု သူမ လုံးဝ မထင်ထားမိပေ။

မည်သို့ပင်ဖြစ်စေ သူမသည် အချိန်ငါးနှစ်အတွင်း ပုတီးစေ့ရှာပေးမည်ဟု ရုံချီကို ကတိပေးပြီးသားဖြစ်သည်။ အချိန်ငါးနှစ်ဟူသည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားမည့် အရာမျိုးမဟုတ်သည့်အတွက် မည်သည့်အခကြေးငွေမှမယူဘဲ အချိန်ကုန်ခံပြီး ရှာဖွေပေးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် စူးမြောင်အာသည် အချိန်ငါးနှစ်အတွင်း တစ်စုံတစ်ခုကို လက်ဆုပ်လက်ကိုင်ယူထားသင့်သည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

တစ္ဆေသတို့သားWhere stories live. Discover now