Part 46

941 77 0
                                    

အခန်း(၄၆)-ရေတွင်း

"အခု ကျွန်မက တစ္ဆေထိန်းဆရာတွေနဲ့ ဘာမှမပတ်သတ်ဘူးဆိုတာကို ရှင် သိသွားပြီဆိုတော့ ဘာဆက်လုပ်မယ်လို့ စဥ်းစားထားလဲ"

ယဲ့ချွင်က ရုံချီကို တစ်ချက်လှမ်းကြည့်သည်။ ရုံချီ

သည်လည်း ဤအခြေအနေကို စောင့်နေပုံရပြီး မျက်နှာထားကို လျော့ကာ ပြန်ဖြေသည်။

"ရန်သူချင်းတူနေတာဆိုတော့ အခုချိန်မှာ ပူးပေါင်းလိုက်တာက ပိုအကျိုးရှိလိမ့်မယ်..

တစ္ဆေထိန်းဆရာတွေအကြောင်း ငါ သတင်းရတာနဲ့ မင်းကို လှမ်းအကြောင်းကြားလိုက်မယ်..မင်းတစ်ယောက်ထဲ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေသလို ရှာနေတာထက်စာရင် ဒီလိုလုပ်တာကတော့ ပိုအကျိုးရှိမှာပေါ့"

ရုံချီ၏ စကားက

အကျိုးအကြောင်းသင့်လှပေသည်။

စူးမြောင်အာသည် 'ဆွဲဆောင်ခြင်း'ဟူသော ဝေါဟာရနှင့် အဝေးတွင် ဤပြဿနာ တစ်ခန်းရပ်သွားသည့်အတွက် ကြိတ်၍ ပျော်နေမိတော့သည်။

ယဲ့ချွင်သည်လည်း ရုံချီ၏ စကားကို လက်ခံပုံရသည်။သူက ခေါင်းညိတ်ပြပြီး ကားပေါ်သို့ ပြန်တက်သွားသည်။ ရုံချီက ကျော့မိသားစု၏ စံအိမ်သို့ ပြန်မမောင်းဘဲ မြို့ထဲသို့ ပို့ပေးရန် တောင်းဆိုခဲ့သည်။

"ကျော့မိသားစုကို ဆက်မကူညီတော့ဘူးလား"

စူးမြောင်အာ၏ အမေးကို ယာဥ်မောင်းနေရာတွင် ထိုင်နေသော ယဲ့ချွင်က ပေါ့ပေါ့ပါးပါး

ပြန်ဖြေသည်။

"ကျော့မိသားစုနဲ့ အစ်ကို့ရဲ့ ဆက်ဆံရေးက မင်းထင်သလောက် မလေးနက်ပါဘူး..

ဒီလောက်ကူညီပေးရုံနဲ့တင် လုံလောက်နေပြီ..အသက်အန္တရာယ်ကို ထိခိုက်

လာနိုင်တဲ့ ကိစ္စမျိုးဆိုရင်တော့

ပြန်စဥ်းစားသင့်တယ်မဟုတ်လား"

ဤတစ်ကြိမ်တွင် ရုံချီ၏ သဘောထားသည်လည်း အံ့သြဖွယ်ကောင်းလောက်အောင်ကို ယဲ့ချွင်နှင့် ထပ်တူကျနေသည်။

"အတိတ်ဘဝတုန်းက ခင်မင်မှုကို ငဲ့ကွက်တဲ့အနေနဲ့ ကျော့မိသားစုကို ကူညီသင့်သလောက် ကူညီခဲ့ပြီးပြီ..

တစ္ဆေသတို့သားWhere stories live. Discover now