Part 14

1.1K 109 0
                                    

အခန်း(၁၄)- အလောင်းကောင်ထိန်းချုပ်သူ

ယဲ့ချွင်သည် စူးမြောင်အာ၏ အရိပ်အကဲမြန်သော တွေးခေါ်နိုင်စွမ်းကြောင့် အတန်ငယ် အံ့သြသွားပုံရသော်လည်း သိသိသာသာ အမူအရာပြောင်းလဲသွားခြင်းမရှိဘဲ ခပ်ဖွဖွ ပြုံးပြသည်။

" ညီမလေး မင်းက အရမ်းဥာဏ်ကောင်းတာပဲ... ဒီလောက်ဆိုရင် အစ်ကိုတို့ သူငယ်ချင်းလုပ်လို့တောင်ရတယ်"

ယဲ့ချွင်၏ တည်ငြိမ်မှုအပြည့်ရှိသော အပြုံးက စူးမြောင်အာကို ကြက်သီးထသွားစေသည်။

သူလူသတ်တုန်းက ဒီလိုမျိုး ပြုံးပြခဲ့တာတော့ မဟုတ်ပါဘူးနော်

ကံကောင်းထောက်မစွာဖြင့် ကားက မြို့ထဲသို့ လျင်မြန်စွာ မောင်းနှင်လာသည်။ ရင်းနှီးပြီးသား လမ်းများကို မြင်ရချိန်မှ စူးမြောင်အာတစ်ယောက် မြို့ပြင် သချိုင်းတွင် ကျန်ခဲ့သော ရုံချီကို ရုတ်တရက် ပြန်သတိရသွားသည်။

"ညီတို့ ညီမတို့ ဘယ်သွားကြမှာလဲ လိုက်ပို့ပေး မယ်လေ" လောင်ဝမ်ကမေးသည်။

"Sတက္ကသိုလ်ပါ"

"Sတက္ကသိုလ်ပါ"

မထင်မှတ်ဘဲ လူနှစ်ဦးထံမှ အဖြေတစ်သံတည်း ထွက်လာသည်။ လောင်ဝမ်လည်း အံ့သြသွားပုံရသည်။

"မင်းတို့နှစ်ယောက်က တက္ကသိုလ်တူတာပေါ့... အတန်းဖော်တွေလား"

ယဲ့ချွင်ကို စူးမြောင်အာတစ်ချက်စွေကြည့်လိုက်သည်။အစောပိုင်းတုန်းက ယဲ့ချွင်၏ မျက်နှာချောချောလေးကြောင့် သူမကိုယ်တိုင် ညှို့ယူခံလိုက်ရသော်လည်း ယခုတွင်မူ ဘာကြောင့်ရယ်မှန်းမသိ ယဲ့ချွင်ကို အတော်လေး အမြင်ကတ်နေပြီဖြစ်သည်။

"ကျေးဇူးတင်ပါတယ်ဆရာ... ကျွန်တော်တို့ကို ဒီမှာပဲရပ်ပေးလို့ရပါပြီ"

ယဲ့ချွင်က သူမနှင့် ရင်းနှီးပြီးသား မိတ်ဆွေတစ်ယောက်ကဲ့သို့ ဖော်ရွေစွာ ပြုံးပြသည်။

"တကယ်တော့ ငါတို့က အဲ့ဒီလောက် အသက်မကြီးသေးပါဘူးငါ့ညီရာ"

လောင်ဝမ်သည် ယဲ့ချွင်၏ ရိုသေသမှုရှိသော အခေါ်အဝေါ်ကြောင့် မရယ်ဘဲ မနေနိုင်ခဲ့ချေ။

တစ္ဆေသတို့သားWhere stories live. Discover now