အခန်း(၅၇)- အဆိုးရွားဆုံးနည်းလမ်း
ယဲ့ချွင်က မေးစေ့ကို လက်ဖြင့် ပွတ်ရင်းစိတ်ဝင်တစား ပြောသည်။
"မင်းကိုကြည့်ရတာ ရိုးရိုးတစ္ဆေတစ်ကောင်တော့ မဖြစ်နိုင်ဘူး...မဟုတ်မှလွဲရော မြေအောက်ကမ္ဘာက တစ္ဆေဘုရင်တွေဘာတွေများလား"
"ငါ့နာမည်က ရုံချီ..တစ္ဆေမဟုတ်ဘူး"
ရုံချီက တည်တင်းနေသော မျက်နှာထားဖြင့် နောက်တစ်ကြိမ်သတိပေးသည်။ ဤတစ်ကြိမ်တွင် တစ္ဆေစွမ်းအားကိုပါ အသုံးပြုထားခြင်းကြောင့် ရုံချီ၏ မျက်နှာသည် စနောက်ရန်ပင် မဝံ့ရဲလောက်အောင်ကို တင်းမာနေသည်။ ယဲ့ချွင်လည်း ရုံချီကို စနောက်ခြင်းမပြုတော့ဘဲ ပါးစပ်ပိတ်ပြီး စက်ရုံဟောင်းထဲသို့ ဝင်သွားသည်။
"ရှောင်ချင်းကို ဘာလုပ်လိုက်ကြတာလဲ!"
ထိုအချိန်တွင် စက်ရုံထဲမှ ခပ်အုပ်အုပ် အသံတစ်သံထွက်ပေါ်လာသည်။ ထိုအသံထွက်လာသည်နှင့် ယဲ့ချွင်က စူးမြောင်အာကို ဆွဲခေါ်ပြီး နံရံအကွယ်တွင်ပုန်းလိုက်သည်။ နံရံအကွယ်မှတဆင့် အတွင်းဘက်မှ အသံများကို ကြားရန် လုံလောက်သည်။ရုတ်ချည်းဆိုသလိုပင် လှောင်ရယ်သံတစ်သံပါ ထွက်ပေါ်လာသည်။
"ဒီပိုက်ဆံတွေ ယူပြီး ထွက်သွားစမ်းပါကွာ..မင်း ပိုက်ဆံလိုနေတာမဟုတ်လား"
"မဟုတ်ဘူး မလုပ်ချင်ဘူး ရှောင်ချင်းက ကျွန်တော့် ချစ်သူ..."
"အခုချိန်ကစပြီး ရှောင်ချင်းက မင်းရဲ့ချစ်သူမဟုတ်တော့ဘူး"
စူးမြောင်အာသည် အမှောင်ထုထဲတွင် ပုန်းနေရင်းအကြီးအကျယ် တုန်လှုပ်သွားရသည်။ ခပ်အုပ်အုပ်အသံပိုင်ရှင်သည် ကျော့ရှောင်ချင်း၏ ချစ်သူဖြစ်လိမ့်မည်။
သူ ကျော့ရှောင်ချင်းကိုသစ္စာဖောက်သွားတာလား?
ထို့နောက် ခြေသံများကိုပါ ကြားလိုက်ရသည်။ထိုခြေသံအရ ကျော့ရှောင်ချင်း၏ ချစ်သူ ထွက်ပြေးသွားပုံရသည်။ သို့သော် ထိုအချိန်တွင် အခြား အသံတစ်သံပါ ထွက်လာသည်။
"အားလုံးအဆင်သင့်ဖြစ်ပြီလား"
စူးမြောင်အာ အာရုံစိုက်ပြီး နားထောင်လိုက်သည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်