Part 74

403 34 0
                                    


အခန်း(၇၄)- ရုံချီ ရှင် တော်တော့နော်

နှစ်ယောက်သား ဗိုက်ကြောနာလာသည်အထိ ရယ်မောနေချိန်တွင် ကျော့ချင်းယွင်ထံမှ ဖုန်းဝင်လာသည်။ ကျော့ချင်းယွင်က ချိန်းဆိုမှုကို ထပ်မံ အတည်ပြုသည့်သဘောဖြင့် ဖုန်းဆက်မေးခြင်းဖြစ်သည်။ သို့သော် ရုံချီက နေရောင်အောက်တွင် လမ်းမလျှောက်နိုင်သေးခြင်းကြောင့် စူးမြောင်အာမှာ ကျော့ချင်းယွင်ကိုမလှိမ့်တပတ်ဖြင့် လိမ်ညာလိုက်ရသည်။

ဖုန်းချပြီးနောက် သူမ ရုံချီကို မေးလိုက်သည်။

"ရှင့်မှာ တခြားနည်းလမ်းမရှိတော့ဘူးလား"

"တစ်ခုတော့ရှိတယ်...."

"ရှိရင် ဘာဖြစ်လို့ စောစောစီးစီးမပြောတာလဲ"

စူးမြောင်အာ ဆိုဖာပေါ်မှ ခေါင်းအုံးယူပြီး ရုံချီကို ကောက်ပေါက်လိုက်သည်။

"မင်း ကိုယ့်ကို ယန်ချီစွမ်းအား နည်းနည်းပေးရင် ရပြီ..လွယ်တယ်ဟုတ်"

နောက်ဆုံးတစ်ကြိမ် ယန်ချီစွမ်းအားယူပြီးကတည်းက ရုံချီသည် ထိုကိစ္စနှင့် ပတ်သတ်၍ စူးမြောင်အာ လိုလိုချင်ချင်မရှိကြောင်း ရိပ်မိပုံရပြီး ထပ်မပြောရဲတော့ချေ။

"အရင်တစ်ခေါက်ကလို ခဏလေးပဲ ကြာမှာမို့လား..ရတယ်လေ ကျွန်မ ရှင့်ကို ပေးမယ်"

စူးမြောင်အာ ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ သို့သော် ရုံချီက သူမကို ကြည့်ပြီး ခပ်တိုးတိုး ပြန်မေးသည်။

"မင်းပြောတော့ မိန်းကလေးတစ်ယောက်ကို လက်လွတ်စပယ် နမ်းလို့မရဘူးဆို"

"ရှင်ကတော့ ကိစ္စမရှိပါဘူး..ထားပါ ကျွန်မမှာလည်း ရည်းစားရှိတာမှမဟုတ်ဘဲ..ကူညီတယ်လို့ သဘောထားလိုက်ပါ"

စူးမြောင်အာသည် ရုံချီ၏ အကြည့်များကို ရှောင်တိမ်းပြီး ရိုးသားသော စေတနာရှင်တစ်ဦးကဲ့သို့ ခပ်တည်တည် ပြောလိုက်သည်။

"မြောင်မြောင် မင်းကိုယ်တိုင်ပြောတာနော်..ပြီးမှ နောင်တမရနဲ့"

ရုံချီက အရိုင်းဆန်စွာ ပြုံးပြီး ပြောသည်။ စူးမြောင်အာမှာ ပြင်ဆင်ချိန်ပင် မရလိုက်ဘဲ ရုံချီ၏ ကိုယ်လုံးဖြင့် အဖိခံရကာ ဆိုဖာပေါ်သို့ နောက်ပြန်လဲကျသွားသည်။ ထိုအချိန်တွင် သူမ၏ ခေါင်းထဲသို့ ဝင်လာသော အတွေးတစ်ခုကား' လူအကောင်လိုက်တကယ်နမ်းတာဟ'ဟူ၍။

တစ္ဆေသတို့သားWhere stories live. Discover now