Part 30

888 82 3
                                    

အခန်း(၃၀)-တစ္ဆေအဘိုးအို

စူးမြောင်အာသည် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်၍မရတော့ခြင်းကြောင့် ဘုရားစာရွတ်နေရုံသာ တတ်နိုင်ခဲ့သည်။

"ဟေ့"

စူးမြောင်အာ၏ နားထဲသို့ လေတိုးသံနှင့်အတူ ခေါ်သံတစ်သံပါ စီးဝင်လာသည်။ ထိုအသံကြောင့် အသားဖြတ်စက်ပေါ်သို့ အတင်ခံထားရသော ဝက်တစ်ကောင်ကဲ့သို့ တစ်ကိုယ်လုံး အေးစက်သွားရသည်။

ငါသေရတော့မှာလား... မသေချင်သေးဘူး မသေချင်ဘူး... ငါ အခုမှအသက်ငယ်ငယ်လေးပဲရှိသေးတာ မသေချင်သေးဘူးလို့

"ဟီးဟီးဟီးဟီး"

အဘိုးအို၏ ရယ်သံက ပိုကျယ်လောင်လာသည်။ စူးမြောင်အာသည် နံရံကို မှီရပ်နေသော အဘိုးအိုကို ကြည့်ပြီး ဇောချွေးပါ ပျံလာရသည်။ အဘိုးအို၏ ခန္ဓာကိုယ်သည် နေလှန်းထားသကဲ့သို့ ခြောက်ကပ်နေသည့်အပြင် မျက်နှာကလည်း အကျည်းတန်လွန်းလှသည်။

ကယ်ကြပါအုံး... တစ်ယောက်ယောက်ကယ်ကြပါအုံး

ထိုအချိန်တွင် စူးမြောင်အာ၏ မသိစိတ်၌ ရုံချီ့ မျက်နှာကို ရုတ်တရက် မြင်လိုက်ရသည်။

"မြောင်မြောင် ကိုယ့်ဆီကို ပြန်လာခဲ့"

ရုံချီ၏ စိုးရိမ်တကြီး အော်သံကိုပါ နီးနီးကပ်ကပ် ကြားလိုက်ရသည်။ မကြာမီတွင် တစ်စုံတစ်ဦးက သူမ၏ လက်ကို အားဖြင့် လှမ်းဆွဲလိုက်ချိန်တွင်မှ စူးမြောင်အာလည်း အိပ်မက်မှ နိုးထလာသကဲ့သို့ အသိစိတ်ပြန်ဝင်လာသည်။

စူးမြောင်အာ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ သူမသည် ကျော့မိသားစု၏ စံအိမ်ထဲတွင် ရှိနေသေးသော်လည်း ဧည့်ခန်းထဲသို့ တစ်ကိုယ်တည်း ရောက်နေသည့်အပြင် လက်ထဲတွင် ကတ်ကြေးတစ်လက်ကိုင်ပြီး ကိုယ့်လည်ပင်းကို ချိန်ရွယ်ထားသည်။

"ဘာတွေဖြစ်..... "

စူးမြောင်အာ၏ လက်ထဲမှ ကတ်ကြေးပြုတ်ကျသွားသည်။ ကိုယ့်ကိုယ်ကိုယ် ကတ်ကြေးဖြင့် ထိုးသတ်မိလုနီးပါးဖြစ်သွားခြင်းကြောင့် စူးမြောင်အာ အလွန် ထိတ်လန့်သွားရသည်။ အကယ်၍ သူမ၏ အရှေ့တွင်သာမှန်တစ်ချပ်ရှိနေမည်ဆိုပါက ယခုအချိန်တွင် သူမမည်မျှ ဖြူဖျော့နေကြောင်းကို ကျိန်းသေပေါက် တွေ့ရလိမ့်မည်။

တစ္ဆေသတို့သားWhere stories live. Discover now