အခန်း(၇၅)- ဖက်ထားမယ်
နမ်းပြီးသွားရင်တောင်မှ ဒီလိုပဲ အသက်ရှုရခက်တတ်လား?
မည်သို့ပင်ဖြစ်စေ စူးမြောင်အာတစ်ယောက် အတော်လေးကို နှလုံးခုန်မြန်ပြီး အသက်ရှုရခက်နေချေပြီ။ Tvတွင် ဇာတ်လမ်းကို ပြသနေဆဲဖြစ်သော်လည်း အခန်းတွင်းရှိ လေထုမှာ အနေရခက်စွာ ထူးဆန်းနေသည်။
"မြောင်မြောင် ဘာဖြစ်လို့ ရှက်နေတာလဲ"
ရုံချီက သူမကို ငုံ့ကြည့်ပြီး ရိုးသားစွာ မေးသည်။ ရုံချီ၏ အကြည့်သည် 'အယ် မင်းဘာဖြစ်လို့ ရှက်နေတာလဲ ကိုယ် မင်းဆီက ယန်ချီစွမ်းအားပဲ ယူတာပါနော် မင်းကိုဘာမှမလုပ်ပါဘူး' ဟူ၍။
အင်းပါ..ကျွန်မကပဲ လူဆိုးမကြီးပါ
"ရှင် ယန်ချီစွမ်းအားယူပြီးပြီလား"
"အင်း ယူပြီးပြီလေ"
"ယူပြီးရင် ဘာဖြစ်လို့ မဖယ်သေးတာလဲ"
စူးမြောင်အာ ရုံချီကို ခွပ်ခနဲမြည်အောင် ခေါင်းခေါက်ပြီး ဆောင့်ကန်လိုက်သည်။ သို့သော် ရုံချီက ဆရာကျကျ ရှောင်တိမ်းပြီး ဂုဏ်ယူစွာ ပြောသည်။
"မင်း ဒီလိုကန်ထုတ်မယ်ဆိုတာ ကိုယ်သိပြီးသား"
ယန်ချီစွမ်းအားပေးလိုက်ရခြင်းကြောင့်ပေလားတော့မသိ စူးမြောင်အာမှာ ခြေထောက်နှစ်ချောင်းလုံး ရေခဲရိုက်ထားသကဲ့သို့ အေးစက်ထုံကျဥ်ပြီး မလှုပ်မရှားနိုင်ဖြစ်နေသည့်အတွက် ဆိုဖာပေါ်တွင်သာ တောင့်တောင့်ကြီး ဆက်လှဲနေရသည်။
"မြောင်မြောင် ဘာဖြစ်လို့လဲ"
ရုံချီက သူမ၏ အခြေအနေကို မြင်သည်နှင့် သခင်အပေါ် သစ္စာရှိသော ခွေးလိမ္မာတစ်ကောင်ကဲ့သို့ ရှက်ရွံ့နေသော မျက်နှာဖြင့် အပြေးပြန်ကပ်လာသည်။
"တောင်းပန်ပါတယ် ကိုယ်ဖိလိုက်လို့ မင်း ခြေထောက်ကျဥ်သွားပြီထင်တယ်..လာလာ ကိုယ် မင်းကို ဖက်ထားပေးမယ်"
ရုံချီက သူမ၏ အနောက်တွင် ဝင်လှဲရင်း တင်းကျပ်စွာ ပွေ့ဖက်ထားပေးသည်။ ထို့နောက် နားရွက်အနားသို့ ကပ်ပြီး ခပ်တိုးတိုးလေး မေးသည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်