Part 64

525 41 0
                                    


အခန်း(၆၄)-စုဝေးရာအရပ်

စူးမြောင်အာ နားလည်သွားချေပြီ။

"ရှင်သေတာ အနှစ်နှစ်ရာတောင်ရှိနေပြီလေ..ဒါပေမဲ့ ရှင်က လွန်ခဲ့တဲ့ အနှစ်တစ်ရာတုန်းက ဒီမြေမှာ နေခဲ့တာဆိုတော့ ရှင် ဖုတ်ကောင်ဖြစ်ဖို့ ကြိုးစားနေတာ အနှစ်တစ်ရာရှိပြီဆိုတဲ့သဘောလား"

"မင်းနဲ့ ကိုယ်နဲ့အတူနေတာ ဘယ်လောက်ကြာပြီလဲ..ဒီလိုမျိုး နားလည်ရလွယ်တာ ရှားလိုက်တာ"

ရုံချီက လိမ္မာရေးခြားရှိသော ကလေးငယ်တစ်ဦးကို ချီးကျူးသကဲ့သို့ သူမ၏ ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်ပေးသည်။ စူးမြောင်အာသည် တစ်ချိန်တည်းတွင် အချက်အလက်များစွာကို ကြားသိခဲ့ရခြင်းကြောင့် အတန်ငယ် ခေါင်းရှုပ်နေပြီး ရုံချီ၏ အပြုအမူကို လျစ်လျူရှုထားလိုက်သည်။

"ဒါဆိုရင် ဒီမြေက ယင်စွမ်းအားပေါတဲ့ နေရာတစ်ခုပေါ့..မျက်စိကန်းနေရင်တောင်မှ ဒီမြေပေါ်မှာ ယောင်လို့တောင် အိမ်ရာစီမံကိန်းမလုပ်သင့်ဘူးပဲ"

"တကယ်တော့ ယင်စွမ်းအားကိစ္စက အရေးမကြီးပါဘူး..ပြောရရင် ဒီနေရာက မြေမသန့်ဘူးဆိုပေမယ့် အနှစ်တစ်ရာတောင်ကြာခဲ့ပြီဆိုတော့ ဒီမှာရှိတဲ့ ယင်စွမ်းအားတွေကို ကုန်သလောက်နီးပါး သုံးပြီးနေကြပြီ..မဖြစ်မနေဆိုရင်တော့ ဆောက်လို့ရပေမယ့် အနာဂတ်မှာ ကံမကောင်းနိုင်ဘူးပေါ့ ဒီလောက်ပဲ"

ရုံချီက ရုတ်တရက် ပြောသည်။ သို့သော် စူးမြောင်အာ သိပ်နားမလည်ချင်ပေ။

"ဒီမြေမှာ ရှင့်အလောင်းကို မြှုပ်ထားတာဆိုတော့ အခေါင်းက ဘယ်နားမှာလဲ"

"မင်းခြေထောက်အောက်မှာ"

"ဒီနေရာမှာလား"

စူးမြောင်အာ လန့်ပြီး ထခုန်လိုက်သည်။ကံကောင်းထောက်မစွာဖြင့် မည်သူကမှ သူမ၏ အပြုအမူကို သတိမထားမိကြချေ။

"ဒီနေရာမှာ အိမ်ရာစီမံကိန်းစတော့မှာဆိုတော့ ရှင့်အလောင်းကို သူတို့ ရှာတွေ့သွားမှာ မကြောက်ဘူးလား..လွန်ခဲ့တဲ့ အနှစ်နှစ်ရာလောက်ထဲက သေထားတာဆိုတော့ လုံးဝ ရှေးဟောင်းအလောင်းကောင်ကြီးနော်..ရှေးဟောင်းစျေးကွက်မှာ သွားရောင်းရင် ကျိန်းသေပေါက် စျေးကောင်းရလောက်တယ်"

တစ္ဆေသတို့သားWhere stories live. Discover now