အခန်း(၈၅)- အမှားအယွင်း
တောင်ပေါ်သို့ ရောက်နေခြင်းကြောင့်ပေလားမသိ အချိန်အားဖြင့် ညနေငါးနာရီဝန်းကျင်သာရှိသေးသော်လည်း ကောင်းကင်တစ်ခုလုံး မှောင်မည်းနေပြီဖြစ်သည်။ အနီးပတ်ဝန်းကျင်ရှိ မြက်ခင်းပြင်နှင့် သစ်ပင်ချုံနွယ်များကြားမှ အင်းဆက်သံ တကျီကျီနှင့် အိပ်တန်းဝင်ရန် ပြန်နေကြသော ငှက်တို့၏ အော်မြည်သံများကို ရံဖန်ရံခါ ကြားနေရသည်။မှောင်လာသည်နှင့်အမျှ မူလက စိုးရိမ်စိတ်များဟာ ကြောက်ရွံ့စိတ်အဖြစ်သို့ ပြောင်းလဲသွားသည်။
ကြောက်စိတ်ဝင်လာသည့်အခါ ဂယောက်ဂယက် လျှောက်တွေးမိကြသကဲ့သို့ပင် စူးမြောင်အာလည်း တတိယတောင်တန်းတွင် သရဲခြောက်ရုံသာမက အမျိုးသမီးတစ္ဆေ၏ အလောင်းကိုပါ မြှုပ်ထားကြောင်း ပြန်တွေးမိပြီး တစ်ကိုယ်လုံး တောင့်တင်းလာရသည်။ ထို့အပြင် ကြွက်တက်နေသကဲ့သို့ ခြေထောက် လုံးဝ မ,မနိုင်ဖြစ်နေသည်။
သူမသည် အပနှင်သူတစ်ဦးဖြစ်သည့်အတွက် အဆင့်နိမ့် တစ္ဆေသရဲများကို အလွယ်တကူ ကိုင်တွယ်နိုင်သော်လည်း အစွမ်းထက်သော တစ္ဆေသရဲများနှင့်သာ ကြုံရပါက ဤတောင်ကုန်းပေါ်တွင် လူမသိသူမသိ ဘဝပြောင်းသွားနိုင်ပေသည်။ ရုံချီနှင့် ယဲ့ချွင်တို့ထံ အကြိမ်ကြိမ်အခါခါ ဖုန်းခဲ့သော်လည်း အဆက်အသွယ်မရသည့်အပြင် ဖုန်းအားပါ ကုန်သွားသည်။
စူးမြောင်အာ ပိုကြောက်လာပြီး ခြေထောက်ကို အတင်းမကာ တောင်ပေါ်မှ ပြန်ဆင်းရန် ဆုံးဖြတ်ခဲ့သည်။ ဖြစ်နိုင်လျှင် သူမ ထိုနေရာမှ ထွက်မလာချင်သေးပေ။ ယခုအချိန်အထိ ရုံချီက သူမကို ပြန်လာရှာလိမ့်မည်ဟု ယုံကြည်နေဆဲဖြစ်သည်။ အကယ်၍ ရုံချီသာ သူမကို ရှာမတွေ့ပါက ကျိန်းသေပေါက် စိတ်ပူနေလိမ့်မည်။ သို့သော် သူမ နုံအလွန်းခဲ့သည်။
နေဝင်ရီတရောအချိန်မှ ညမိုးချုပ်သွားချေပြီ။
"ဝေါ.."
ထိုအချိန်တွင် သူမ၏ နောက်ကျောဘက်မှ ချုံပုတ်က ရုတ်တရက် ယိမ်းခါသွားသည်။ ၎င်းကြောင့် စူးမြောင်အာတစ်ယောက် ခဲမှန်သွားသော စာသူငယ်တစ်ကောင်ကဲ့သို့ နှလုံးရပ်မတတ် လန့်သွားရသည်။ အထွေအထူးမဟုတ်ဘဲ တိရစ္ဆာန်ငယ်လေးတစ်ကောင် ဖြတ်ပြေးသွားခြင်းဖြစ်မည်ဟုသာ တွေးနေလိုက်သည်။ တိရစ္ဆာန်ရှိသော နေရာသည် လုံခြုံမှုရှိသည်ဟု ဆိုကြသည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်